Main menu

Background

တရုတ်နဲ့ မက္ကဆီကိုသို့ ယခုအပတ်ပင်လယ်ရေကြောင်းမှ ရော်ဘာအဆင့်စုံ အပို့ရှိ

Mon, 08/27/2012 - 09:22 -- Anonymous (not verified)

ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၅ သန်းတန်ဖိုးရှိတဲ့ ရော်ဘာတန် ၄၂၀ ကျော်အပို့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ MSR-20   တန် ၁၆၀၊ MSR-50  တန် ၂၀၀ ကျော်နဲ့ မက္ကဆီကိုသို့ RSS-3 တန် ၆၀ တင်ပို့ခဲ့တာလို့သိရပါတယ်။

ယခင်အပတ်ကတော့ တရုတ်နိုင်ငံသို့ RSS-3 တန် ၅၀၀ အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၈၀ ခန့်အပို့လျော့ခဲ့ပါတယ်။ ဇူလိုင် ၁ ရက်မှ ၂၈ ရက်ထိ ပင်လယ်ရေကြောင်းမှ ရော်ဘာအဆင့်စုံ ၁၃၁၉ တန်ကျော်တင်ပို့ထား ပြီးဖြစ်ပါတယ်။ နယ်စပ်မှယခုအပတ်မှာ ရော်ဘာတန် ၃၉၀ ကျော်နဲ့ ဇူလိုင် တစ်လလုံးမှာ ၁၅၉၃ တန် ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။ FOB ရန်ကုန်ပေါက်ဈေးတွေကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 တစ်တန်ကို ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-20 တစ်တန်ကို ဒေါ်လာ ၂၇၀၀-၂၈၀၀၊ MSR-50  တစ်တန်ကို ဒေါ်လာ ၂၆၀၀ မှ ၂၇၀၀ ပေါက်လျက်ရှိပါတယ်။                                     CMK