Main menu

Background

သဘာဝရော်ဘာဈေးများ နည်းနေခြင်းသည် ရော်ဘာလက်အိတ်ထုတ်လုပ်မှုကို မြှင့်တင်နိုင်

Mon, 08/27/2012 - 09:29 -- Anonymous (not verified)

ရော်ဘာလက်အိတ်ထုတ်လုပ်မှုလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ကမ္ဘာ့ရော်ဘာပစ္စည်းအများဆုံးထုတ်လုပ် တဲ့ နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး မလေးရှားရော်ဘာလက်အိတ်ထုတ်လုပ်သူများအသင်း (Malaysia Rubber Glove Manufacturers Association - MARGMA) ဥက္ကဌ Lin Kwee Shyan  ကတိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဟာကမ္ဘာ့ရော်ဘာလက်အိတ် လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ထိပ်တန်း မှာ ရှိနေတဲ့ ရော်ဘာပစ္စည်းများ ထုတ်လုပ်တဲ့ မလေးရှားလက်အိတ်ကုမ္ပဏီတွေကတော့ Top Glove Corp: Bhd ၊ Supermax Corp: Bhd ၊ Kossan Rubber Industries Bhd  နဲ့ Hartalega Holdings Bhd တို့ဖြစ်ကြပါတယ်။ လက်ရှိသဘာဝရော်ဘာဈေးများနည်းနေခြင်း ဟာ ရော်ဘာလက်အိတ်ထုတ်လုပ်သူများအား ၎င်းတို့ရဲ့ ထုတ်လုပ်မှုကိုမြင့်တက် စေပြီး ပိုမိုမြင့်မားနေတဲ့ ကမ္ဘာ့လိုအပ်ချက်ကိုဖြည့်ဆည်ပေးနိုင်မယ်လို့ဆိုပါတယ်။ ရော်ဘာလက်အိတ်ထုတ်လုပ်မှုလုပ်ငန်းတွင် အများအပြား ထုတ်လုပ်နိုင်သူဟာ အောင်မြင်မှုကို ရရှိမှာဖြစ်ကြောင်း ဥပမာအားဖြင့် Top Glove  ကော်ပိုရေးရှင်းဟာ မလေးရှားမှာစက်ရုံ ၁၆ ခု၊ ထိုင်းမှာ ၂ ခုနဲ့ တရုတ်မှာ ၂ ခု ပိုင်ဆိုင်မှုရှိပြီး နှစ်စဉ်လက်အိတ် ၃၈ ဘီလီယံကျော်ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒုတိယအများဆုံးထုတ်လုပ်တဲ့ Supermax  ကော်ပိုရေးရှင်း ကတော စက်ရုံ ၁၁ ရုံထိ ပိုင်ဆိုင်ထားပြီးနှစ်စဉ်လက်အိတ် ၂၁ ဒသမ ၆ ဘီလီယံ ကျော် ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ ရော်ဘာလက်အိတ်ထုတ်လုပ်သူအများစုဟာ ကိုယ်ပိုင်ရော်ဘာခြံများစိုက်ပျိုးထုတ်လုပ်ရန်စီစဉ်ထားပြီးဖြစ် ပါတယ်။ Top Glove Corp: ဟာ ကမ္ဘောဒီးယားမှာ ရော်ဘာများကို ဟက်တာ ၈၀၀၀ခန့် စိုက်ပျိုးသွားရန် စီမံချက် ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းရော်ဘာထုတ်လုပ်သူများအား လုပ်သားမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ မလေးရှားရော်ဘာ လက်အိတ်ထုတ်လုပ်သူများအသင်းဥက္ကဌကပြောကြားခဲ့ပါတယ်။ အသစ်တည်ထောင်တဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်မှုပိုင်းမှာ အလုပ်သမားမလုံလောက်မှု အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်း၊ သဘာဝဓာတ်ငွေ့ ပံ့ပိုးမှုဖြတ်တောက်ခြင်းနဲ့ အနိမ့်ဆုံး လုပ်သားခသတ်မှတ်ထားတဲ့မူဝါဒများဟာ ရော်ဘာထုတ်လုပ်မှုမှာ အခက်အခဲများ ဖြစ်စေသော်လည်း တရုတ်၊ အိန္ဒိယနဲ့ လက်တင်အမေရိကတို့မှာ ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများကြောင့် ထိုနိုင်ငံများသို့ ရော်ဘာလက်အိတ်အများအပြား တင်ပို့နိုင်ခြေရှိတယ်လို့  MARGMA ကဆိုပါတယ်။Source: The Star.com,CMK