Main menu

Background

အမေရိကန်ဗဟိုဘဏ်နှင့် အီးယူဒေသ ဗဟိုဘဏ်များအနေဖြင့် စီးပွားရေးလှုံ့ဆော်မှု စီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်သည်ဟု ခန့်မှန်းလာကြခြင်းကြောင့် သဘာဝရော်ဘာဈေးနှုန်းများ အနည်းငယ်မြင့်မားလာ

Mon, 08/27/2012 - 09:30 -- Anonymous (not verified)

အမေရိကန်ဗဟိုဘဏ်နဲ့ အီးယူ ဒေသဗဟိုဘဏ်တွေအနေနဲ့ စီးပွားရေး လှုံ့ဆော်မှုစီမံကိန်းတွေ ချမှတ် ဆောင် ရွက်သွားလိမ့်မယ်လို့ ခိုင်ခိုင်မာမာ ခန့်မှန်းလာကြခြင်းနဲ့ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေ မြင့်မားလာခြင်းတို့ကြောင့် ဇူလိုင် ၃၁ ရက် သဘာဝရော်ဘာ ဈေး နှုန်း တွေက ယခင်သီတင်းပတ် ဈေးနှုန်း တွေနဲ့ယှဉ်ရင် အနည်းငယ်မြင့်မားလာ တယ်။

ကမ္ဘာ့ ရော်ဘာစိုက်ပျိုး ထုတ် လုပ်မှု အများဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီး ရှားတို့မှာ မိုးရာ သီ ဖြစ်နေတာကြောင့် ရော်ဘာစေးခြစ် ယူ ရရှိမှု အားနည်းနေခြင်းက လည်း ရော်ဘာရောင်းလိုအား ကို လျော့နည်း စေကာ ဈေးနှုန်းကို အထောက်အပံ့ ပေးလျက်ရှိတယ်။ ဒါကြောင့် ဇူလိုင် ၂၄ ရက်က တစ်တန်ကို ၃၀၀၆ ဒေါ်လာရှိ နေတဲ့ ထိုင်းရော်ဘာRSS-5  (မှိုင်းခံ ရော်ဘာ အဆင့် - ၅) က ဇူလိုင် ၃၁ ရက်မှာ ၃၀၂၃ ဒေါ်လာအထိ ရောက်ရှိ လာတယ်။ မလေးရှားရော်ဘာ  (Standard Malaysia Rubber – SMR 20) ကလည်း တစ်တန်ကို ကန်ဒေါ်လာ ၂၇၉၄ ဒသမ ၅၀ ဒေါ်လာမှ ၂၈၀၆ ဒေါ်လာအထိ ရောက်ရှိလာတယ်။ ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး နှေး ကွေးမှုကြောင့် ကားထုတ်လုပ်သူတွေမှ တာယာထုတ်လုပ်ဖို့ ရော်ဘာကိုဝယ်လို အားနည်းသော်လည်း ရော်ဘာလက် အိတ်ပြုလုပ်သူတွေ အနေနဲ့ အကျိုး အမြတ်များစွာ ရနေရာ ရော်ဘာ ဝယ် လိုအားများနေကြောင်းလက်ရှိသဘာ၀ ရော်ဘာ ဝယ်လိုအားနဲ့ ရောင်းလိုအား မှာ ညီမျှနေကြောင်း သတင်းရရှိတယ်။Source:IRCO, rubberboard. org.in, ပပ