Main menu

Background

တရားဝင်လမ်းကြောင်းပေါ်မှ ဆောင်ရွက်မှုရှိလာ၍ ကုန်သွယ်မှုတိုးတက်လာတဲ့ တမူးနယ်စပ် ကုန်သွယ်ရေး

Mon, 08/27/2012 - 09:31 -- Anonymous (not verified)

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းသည် ဇူလိုင်မှာ ပို့ကုန်ကန်ဒေါ်လာသုညဒသမ ၇၉၇ သန်း၊ သွင်းကုန် ကန်ဒေါ်လာသုညဒသမ၈၃၇ သန်းဆောင် ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၆၃၄ သန်းရရှိခဲ့ပါတယ်။

ကုန်သည်အသင်း၊ ကုမ္ပဏီလုပ်ငန်း ရှင်များ၊ မော်တော်ယာဉ်လိုင်း တာဝန်ခံများအား မကြာခဏ တွေ့ဆုံပြီး တရားဝင်လမ်းကြောင်းပေါ်မှ ကုန်သွယ်မှု ဆောင် ရွက်ကြရန် စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ လူသုံးကုန် ပစ္စည်းအုပ်စုမှ ပိတ်ဖြတ်စများ (မီတာစ)၊ ဆာရီစများ၊ ပုဆိုး၊ ခေါင်းလျှော်ရည်၊ အုန်းဆီ၊ အလှဆီ၊ ကျန်းမာရေးသုံးဖနောင့် စွပ်၊ ဒူးစွပ်များကို လမ်းကြောင်းမှန်ပေါ်မှဆောင်ရွက်မှု ယခုလ မှာရှိလာတဲ့အချက်ဟာ သွင်းကုန် ပိုမိုစေခဲ့တယ်လို့ စခန်း တာဝန်ခံမှ ဆိုပါတယ်။ အနီးစပ်ဆုံးကာလထက် ပို့ကုန် ကန်ဒေါ်လာသုည ဒသမ ၁၁၀ သန်း၊ သွင်းကုန် ကန်ဒေါ်လာသုညဒသမ ၅၆၇ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသုညဒသမ ၆၇၇ သန်းနဲ့ ယမန်နှစ်ကာလတူထက် ပို့ကုန် ကန်ဒေါ်လာသုည ဒသမ ၂၃၃ သန်း၊ သွင်းကုန် ကန်ဒေါ်လာသုညဒသမ ၆၉၂ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသုညဒသမ ၉၂၅ သန်း အသီးသီးပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်ပိုင်းမှာ ကွမ်းသီးခြောက်၊ စီးကရက်၊ နမ့်ဖာလုံ အမယ်စုံ တင်ပို့မှုပိုသလို သွင်းကုန်ပိုင်းမှာ ပရဆေးကုန်ကြမ်း တောင်လုံးကျော်၊ ဇာတိပ္ဖိုလ်သီး၊ ဟင်းရိုင်းဖြူ၊ ဂျုံစေ့များ တင်သွင်းမှု ပိုခဲ့ပါတယ်။ တမူးနယ်စပ်ရဲ့ အများဆုံးပို့ကုန်များမှာ ကွမ်းသီး ခြောက်၊ စီးကရက် (JET,Ruli River, PORAI)  ၊ ဖယောင်း၊ မီးစက်အသေး၊ မြန်မာအရက်၊ မုန့်မျိုးစုံ၊ အချိုရည်၊ မွေ့ယာ (သေး/ ကြီး)၊ ခြင်ဆေး (အခွေ/အရည်ဘူး) တို့ဖြစ်ပြီး အများ ဆုံး သွင်းကုန်များမှာ ဂျုံစေ့၊ ဇာတိပ္ဖိုလ်သီး၊ တောင်လုံးကျော်၊ ဆာရီစ၊ ဟင်းရိုင်းဖြူ၊ အနောက်တိုင်းဆေး ၆ မျိုးတို့နဲ့ တစ် ဆင့်ဖြတ်သန်းကုန်သွယ်မှုနည်းလမ်း (Transit Trade) နဲ့ တင်သွင်းတဲ့ Betnovate-Nယားနာလိမ်းဆေးတို့ဖြစ်ပြီး ဖြစ်ပါတယ်။                                         MIRT(DOBT)