မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကော့သောင်းနဲ့မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဟာ ရေထွက်ကုန်အဓိကတင်ပို့တဲ့စခန်းများဖြစ်ကြပါတယ်။ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်း သုံးခုမှ ကန်ဒေါ်လာ ၂ ဒသမ ၂၂၅ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၂၁၀၄ တန် ကျော်တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၉၅၃ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
နယ်စပ်စခန်းအလိုက်တင်ပို့နိုင်မှု တွေကတော့ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၆၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၃၆၂ တန်ကျော်၊ ငါးစီဖောင်း သုည ဒသမ ၅၈၅ တန်၊ ငါးဆားနယ် ၁၀ ဒသမ ၄၅ တန်နဲ့ ကျောက်ပုစွန် ၂ ဒသမ ၆၈ တန်၊ မြိတ်နယ်စပ်မှကန်ဒေါ်လာ ၁ ဒသမ ၇၈၇ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၁၀၀ တန်၊ ရေငန်ပုစွန် ၁၄ တန်ကျော်၊ ငါးဆားနယ် ၂၃ တန်ကျော်၊ ပုစွန်ခြောက် ၅ တန်ကျော်၊ ငါးမှုန့် ၃၀၆ တန်ကျော်၊ အေးခဲပုစွန် ၅၆ တန်ခန့်၊ ငါးခြောက် တန် ၁၀၀ ဝန်းကျင်၊ အေးခဲကဏန်းပျော့ ၃၄ တန်နဲ့ ကဏန်းအသေး (အသေ) ၇ တန်ခန့်၊ မြဝတီ နယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၄ တန်ခန့်၊ ပုစွန် ၃ တန်ခန့်နဲ့ ကဏန်း ၂၇ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျင် မြိတ်နယ်စပ်မှ တန် ၈၀၀ ကျော်နဲ့ ကော့သောင်း နယ်စပ်မှ ၂၃၇ တန်ကျော် အပို့ပိုခဲ့ပြီး မြဝတီနယ်စပ်ကတော့ ၈၄ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ MIRT(DOBT)