ကန်ဒေါ်လာ သုည ဒသမ ၄၅၇ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ တန် ၆၀ ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ မှာ မူဆယ်နယ်စပ်မှ တင်ပိုမှု ရှိခဲ့ရာ ယခင်အပတ်ကထက် ၃၃ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီ နယ်စပ်မှာ ကန် ဒေါ်လာ သုည ဒသမ ၀၅၁သန်းတန်ဖိုးရှိသီဟိုဠ်စေ့ ၇ တန် ခန့်လည်း အပို့ရှိခဲ့ရာ ယခုအပတ်မှာ သီဟိုဠ်စေ့ ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုညဒသမ ၅၀၈ သန်းဖိုး တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင် တစ်လလုံးမှာ နယ်စပ်မှ သီဟိုဠ်စေ့ တန် ၃၅၆ တန်ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
Background