Main menu

Background

စက်ဆီ ဆီတစ်လီတာလျှင် ဘတ် ၅၀ ပြား ဈေးတက်

Mon, 08/27/2012 - 09:36 -- Anonymous (not verified)

P.T.T  ကုမ္ပဏီနှင့် ဘန်ကျတ်ပီထရိုလီယမ် ကုမ္ပဏီမှ သတင်းများအရ ဘင်ဇင်ဆီနှင့် ဂက် (စ်) ဆိုဟောဆီ တစ်လီတာ အားဘတ် ၅၀ပြားဈေးတိုးမြှင့်ရောင်းချမယ်လို့သိရပါတယ်။ ဇူလိုင် ၁၇ ရက်မှစပြီး ဘန်ကောက်မြို့တော်နဲ့ အနီးတစ်ဝိုက်ရှိ ခရိုင်များ၌ ဆီရောင်းဈေးမှာ ဘင်ဇင် ၉၁ ဆီတစ်လီတာလျှင် ၄၂ ဒသမ ၀၅ ဘတ် (၁ ဒသမ ၃၂ ဒေါ်လာ)၊ အက်စ်ဆိုဟော ၉၅ ဆီတစ်လီတာလျှင် ၃၇ ဒသမ ၇၃ ဘတ် (၁ ဒသမ ၁၉ ဒေါ်လာ)၊ ဂက်(စ်) ဆိုဟော ၉၁ ဆီတစ်လီတာလျှင် ၃၅ ဒသမ ၉၈ ဘတ် (၁ ဒသမ ၁၃ ဒေါ်လာ)၊E  ၂၀ ဆီ  တစ်လီတာလျှင် ၃၄  ဒသမ  ၀၈  ဘတ် (၁ ဒသမ ၀၇ ဒေါ်လာ)၊       E  ၈၅ ဆီတစ်လီတာလျှင် ၂၁ ဒသမ ၉၈ ဘတ် (သုည ဒသမ ၆၉ ဒေါ်လာ)နှင့် ဒီဇယ်ဆီတစ်လီတာလျှင် ၂၉ ဒသမ ၈၃ ဘတ် (သုည ဒသမ ၉၃ ဒေါ်လာ) ဈေးပေါက် နေကြောင်း မတ်တိချွန်းသတင်းစာမှာ ဖော်ပြထားပါတယ်။ Source: မတ်တိချွန်းသတင်းစာ၊မြင့်ဦး