Main menu

Background

မြိတ် နယ်စပ်ကုန်သွယ်ရေး ပို့ကုန်လည်းတက်၊ သွင်းကုန်လည်း ၅ ဆတက်

Mon, 08/27/2012 - 09:36 -- Anonymous (not verified)

မြိတ်နယ်စပ်ကုန်သွယ်ရေးဟာ ပို့ကုန်တင်ပို့မှုအပိုင်းမှာ ကမ်းနီးလှေငယ်လေး တွေနဲ့ ဖမ်းလို့ရသမျှရယ်၊ ပိတ်ထားတဲ့ ကမ်းဝေးငါးဖမ်းကွက်နဲ့ လွတ်ကင်းတဲ့ ရေ ပြင်မှာ ဖမ်းလို့ရတာတွေကို တရားဝင် ကုန်သွယ်မှုလမ်းကြောင်းက တင်ပို့ခဲ့တာ ကြောင့် အခု ၂၀၁၂ ခုနှစ် ဇူလိုင်လ ပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၆ သန်းကျော်ထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အလားတူ သွင်းကုန်ဆောင်ရွက်မှုမှာ ဆောင်ရွက်နိုင်ခဲ့ရာ ဘဏ္ဏာနှစ်စ ဧပြီ က ကန်ဒေါ်လာ ၅သိန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဒေါ်လာ ၁ သန်းကျော် ၅ ဆ နီးပါး ပိုမိုဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဒါကြောင့် မြိတ်ဒေသမှာ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်တက်ပြီး ကုန်သွယ်မှု လုပ်ငန်း များ ဆောင်ရွက်နေပြီဖြစ်ကြောင်းထင်ရှားစွာ တွေ့မြင်ရတယ် လို့ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဒွန်းက ၂၀၁၂ခုနှစ် ဇူလိုင်မှာ ပြုလုပ်ခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ အတိအလင်း ထုတ် ဖော် ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ မြိတ်သား လုပ်ငန်းရှင်ကုန်သည်တွေကလည်း ဒီလိုတရားဝင်လမ်းကြောင်းပေါ် မှာ အန္တရာယ်ကင်းကင်းနဲ့ လုပ်ကိုင်နိုင်တာကို ဝမ်းမြောက်နေကြတယ်လို့ သိရပါ တယ်။                                                      မောင်ရွှေမိုး