Main menu

Background

နယ်စပ်မှ ဆန် တန် ၁၃၆၄၀ ကျော် အပို့ရှိ

Mon, 08/27/2012 - 09:38 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့လွယ်ဂျယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၇၄၀ သန်းတန်ဖိုးရှိ ဆန် ၁၃၆၄၅ တန်ကျော်ကို ဇူလိုင် ၂၅ ရက် ၃၁ ရက်ထိ ကာလအတွင်းမှ အပို့ရှိခဲ့ပါတယ်။ တာချီလိတ်မှ ကောက်ညှင်းစပါး ၃၃၃ တန်ခန့်လည်းအပို့ရှိ ခဲ့တယ်လို့ သိရပါတယ်။

မူဆယ်နယ်စပ်မှာ ယခုတရုတ်အဝယ်များနေတဲ့ ဆန်ကတော့ ၇၄၇ လို့ဈေးကွက်မှာခေါ်တဲ့ရွှေဘိုဒေသထွက်  ဧည့်မထဆန်နဲ့ ငစိန်ဆန်တို့ဖြစ်ပါ တယ်။ ယခုအပတ်နယ်စပ်အလိုက် ဆန်တင်ပို့မှုတွေကတော့ မူဆယ်မှ ဧည့်မထ ၈၄၀၂ တန်၊ငစိန် ၄၃၇၁ တန်၊လွယ်ဂျယ်မှ ၇၃၆ တန်နဲ့ တာချီလိတ်မှ ၁၃၅ တန် အသီးသီး ဖြစ်ပါတယ်။ မူဆယ်မှ တရုတ်ဝယ်လိုအားများတဲ့ ၇၄၇ ဆန်ဟာ ယခင် နှစ်ကတည်းက ဈေးကွက်နေရာရရှိထားတဲ့ ဆန်ဖြစ်ပါတယ်။ မိမိတို့ဘက်မှဝယ်တဲ့ ဆန်ကိုထမင်းချက်စားရန်ထက် ဆန်ခေါက်ဆွဲနဲ့ကြာဇံပြုလုပ်ရန်၊ သားရေစာ မုန့် လုပ်ရန်၊ တိရစ္ဆာန်အစားအစာတို့အတွက်အသုံးပြုတယ်လို့သိရပါတယ်။ ၇၄၇ ဆန် တစ်တန်ကို ယွမ် ၁၃၀ ရပြီး ငစိန်ဆန် တစ်တန်ကို ၁၃၈ ယွမ်မှ ၁၄၀ ယွမ်ထိဈေးရ တယ်လို့သိရပါတယ်။ ဇူလိုင် တစ်လလုံးနယ်စပ်မှ ဆန် ၄၇၉၄၄ တန်တင်ပို့ ထားပြီးဖြစ်တယ်လို့သိရပါတယ်။ MIRT(DOBT)