Main menu

Background

မူဆယ်မှ ရေထွက်ကုန် ယခင်အပတ်ထက် အပို့ ပိုမို

Mon, 08/27/2012 - 09:41 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ  ကန်ဒေါ်လာ ၂ ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ငါးရှဉ့်၊ ရေငန် ငါးမျိုးစုံ၊ ကဏန်း၊ ငါးစီဖောင်းနဲ့ ရေခဲငါး ၇၈၄ တန်ခန့် တင်ပို့မှုရှိရာ ယခင်အပတ်ကထက် ၄၇ တန်ခန့် အပို့ပိုခဲ့ပါတယ်။ ရေထွက် ကုန်တင်ပို့နိုင်မှုတွေကတော့ ငါးရှဉ့် ၂၉၄ တန်ခန့်၊ ရေငန်ငါးမျိုးစုံ ၁၆၈ တန်၊ ကဏန်း ၁၅၃ တန်၊ ငါးစီဖောင်းသုညဒသမ ၇၆၉ တန်နဲ့ ရေခဲငါး ၁၆၇ တန်ကျော် အသီးသီး ဖြစ်ပါတယ်။ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံနဲ့ ရေခဲငါးတို့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှလည်း ကန်ဒေါ်လာ သုည ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၀၀ ဒသမ ၁၆ တန်နဲ့ ကဏန်း ၅၅ ဒသမ ၁၂၈ တန်ကို တင်ပို့မှုရှိခဲ့ပါတယ်။MIRT(DOBT)