Main menu

Background

မြန်မာ့ ပဲမျိုးစုံဈေးကွက်ပိုမို နေရာရရှိရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေးအတွက် Buhler ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များ လာရောက်ဆွေးနွေး

Mon, 08/27/2012 - 09:42 -- Anonymous (not verified)

မြန်မာ့ပဲမျိုးစုံ ပြည်ပဈေးကွက်မှာ နေရာပိုမိုရရှိရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် Value Added ထုတ်လုပ်နိုင်ရေး အတွက် Buhler ကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်များက လာရောက်ရှင်းလင်း ဆွေးနွေးပွဲကို အမှတ် (၁၄၁-၁၄၅)၊ တတိယအလွှာ၊ ရိုးမဘဏ်အပေါ်ထပ် United Tower ရှိ Unique Quality Products Trading Co.,Ltd ရုံးခန်း မှာ ဇူလိုင်လ ၂၇ ရက် နေ့လည် (၂း၀၀) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံ Buhler Bangalore မှ ကျွမ်းကျင် ပညာရှင် Manish Kelkar  က ဆန်၊ ပဲမျိုးစုံ၊ နှမ်းနှင့် ဟင်းခတ်အမွှေးအကြိုင် တို့ကို သန့်စင်ကြိတ်ခွဲနိုင်သည့် စက်ယူ နစ်များအကြောင်းနှင့် တည်ဆောက်ပြီး သည့် စက်ယူနစ်များနှင့်ပတ်သက်၍ လိုအပ်သည့် အကြံÓဏ်များပေးခြင်း၊ စက်ယူနစ်များ အဆင့်မြှင့်တင်နိုင်ရေး ပညာပေးဆွေးနွေးခြင်းနှင့် ခေတ်မီစက် သစ် Design မျိုးစုံကို ရှင်းလင်းဆွေး နွေးခဲ့သလို ပြည်တွင်းရှိ ပဲခွဲစက်များနှင့် ပဲကုန်သည်များကလည်း  သိလိုသည့် အချက်အလက်များ အားမေးမြန်းခဲ့ရာBuhler Bangalar မှ ကျွမ်းကျင်ပညာ ရှင်များနှင့်အတူ  Buhler ကုမ္ပဏီမှ Senior Rice Technologist Dr. ရဲအောင်ကလည်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး၊ ရန်ကုန်တိုင်းအင်ဂျင်နီယာနှင့် ပြည်တွင်းရှိ စိတ်ပါဝင်စားသည့် ပဲခွဲစက် လုပ်ငန်းပိုင်ရှင်များနှင့် ပဲကုန်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ကျော်ငွေ-ခင်မောင်မောင်အုန်း