ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ပြည်ပဝယ်လိုအား အနည်းအများအပေါ် မူ တည်ပြီး အဝယ်ရှိတာကြောင့် ဈေးအတက်အကျဖြစ်နေပြီး ဈေး လည်းမငြိမ်ဘူး လို့ ပြောရမှာပေါ့။
ဈေးလည်းလှုပ်နေတော့ အရောင်း အဝယ်လုပ်ရမှာလည်း သတိထားပြီး ရောင်းဝယ်နေရတယ်လို့ ပဲကုန် သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၈၃၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၄၃၀၀၀ ကျပ် ဖြစ်ခဲ့ပေမယ့် ယခင်အပတ်ထက်စာရင် အရောင်းအဝယ်ဖြစ်မှုက တန် ၄၀၀၀ ခန့်လျော့နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ကတော့ ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှု ပမာဏက တန်ချိန် ၄၁၄၀ ခန့် လျော့ကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီ(ျွဃ) ကတော့ အိတ်စပို့အဆွဲဝယ်လက်က ဈေးပေးအဝယ် ရှိသလို ဝယ်လိုအားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၃၄၀၀၀ ကျပ်မှ အမြင့်ဆုံး ၆၇၅၀၀၀ ကျပ်အတွင်းတန် ၉၂၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခုပဲတွေ အိတ်စပို့အဝယ်လိုက်တော့ ဈေးတွေမြင့် သွားသလို ရောင်းသူကုန်သည်များကလည်း တက်ဈေးမှာ အရောင်း များလာတယ်လို့ သိရပါတယ်။