ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်က ပြည်ပဝယ်လိုအားအခြေအနေကို မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းနည်း လာတယ်လို့ဆိုပါတယ်။
အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ပတ် အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေး ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၈၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကို မြို့ခံပဲ ခွဲစက်တွေနဲ့ ရခိုင်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၇၅ ကျပ်(တစ်တန်ကို ၇၁၉၅၅၈ ကျပ်)ဈေးနဲ့ အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။