မကွေးဈေးကွက်မှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ နှမ်းမျိုးစုံကို အဝယ် လိုက်လာတာကြောင့် ဈေးတွေမြင့်လာပြီး ကုလားပဲ(ထိုင်ဝမ်)ကတော့ အောက်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်အဆွဲသွက်နေသလို ရောင်းသူကုန်သည်များက လည်း အဆိုပါဈေးနဲ့ အရောင်းများလာတယ်လို့ ဆိုပါတယ်။
အ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အသစ်ဝင်လာတဲ့ ပဲတီစိမ်းကိုတော့ ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး ဈေး ပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၁၀၈၀ ကျပ်(တစ်တန်ကို ၆၆၁၃၈၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကု လားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်တွေက ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာပြီး တစ်ပိဿာကို ၁၁၆၀ ကျပ် (တစ်တန်ကို ၇၁၀၃၇၂ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းမျိုးစုံကို မန္တလေး-ရန်ကုန် ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်သမားများက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးက အမြင့်ဘက်မှာဦးတည်နေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၁၉၈၀ ကျပ်၊ နှမ်းနီက တစ်ပိဿာ ၁၈၅၆ ကျပ်နှင့် နှမ်းညိုက တစ်ပိဿာ ၁၇၈၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကို အိတ် ၇၀၀ မှ ၈၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။