Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်သွက်လာ

Mon, 08/27/2012 - 09:48 -- Anonymous (not verified)

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် အဝယ် သွက်နေလို့ ပဲဈေးတွေမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၈၅ ကျပ် (တစ်တန်ကို ၆၆၄၄၄၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။

ပဲဈေးကောင်းလာတာနဲ့အမျှ လှောင်လက်ကုန်သည်တွေ ကလည်း အပြိုင်အဆိုင်ထုတ်ရောင်းမှုတွေရှိလို့ ဈေးကွက်မှာ ပိုမိုစည် ကားလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ကုလားပဲဖြူလုံးကြီးကိုလည်း ရန်ကုန်ဝယ်လက်အချို့နှင့် မြို့ခံခွဲစက် များက ဝယ်အားသွက်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၁၈၄ ကျပ်(တစ်တန်ကို ၇၂၅၀၆၉ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။