အင်ဒိုနီးရှား ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဆန်တင်သွင်းမှု လျော့ကျဖွယ်ရှိ
အင်ဒိုနီးရှားနိုင်ငံက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ဆန်တင်သွင်းမှု လျော့ကျကာ တန်ချိန် စုစုပေါင်း ၁ ဒသမ ၂၅ သန်းဝန်းကျင်သာ တင်သွင်းသွားဖွယ်ရှိတယ်လို့ အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာန USDA မှ စိုက်ပျိုးရေး သုတေသီက ပြောကြားတယ်။ ရာသီဥတုကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်ကာ အထွက်နှုန်းတိုးပြီး ပြည်ပမှ ဆန်တင်သွင်းမှုလျော့ကျလိမ့်မယ်လိ့ု ခန့်မှန်းထားတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း အင်ဒိုနီးရှားအနေနဲ့ ဆန်တန်ချိန် ၃၆ ဒသမ ၅ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိ တယ်လို့ ခန့်မှန်းထားပြီး ပြည်တွင်းစားသုံးမှုကို တန်ချိန် ၃၉ ဒသမ ၅၅ သန်းအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ ယခုနှစ်အတွင်း ပြည်တွင်းဆန်ထွက်နှုန်းတိုးမယ်လို့ ခန့်မှန်းထားသော်လည်း ဆန်ဈေးနှုန်းတွေမှာ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ ဆန်ဈေးနှုန်းတွေထက် တစ်တန်ကို ကန်ဒေါ်လာ ၂၀၀-၃၀၀ ဝန်းကျင်မြင့်မားနေတယ်လိ့ု သိရတယ်။ ဒါကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း တရားဝင် ဆန်တင်သွင်းမှုလျော့ကျသွားမယ်လိ့ု ခန့်မှန်းထားသော်လည်း ခွင့်ပြုချက်မရှိတဲ့ဆန်တင်သွင်းမှုတွေ ဆက်လက် ရှိနေနိုင်တယ်လိ့ု ခန့်မှန်းကြတယ်။ Source:oryza.com, ပပ
