၂၀၁၂ အတွက်ကမ္ဘာ့ဆန်ထုတ်လုပ်မှုခန့်မှန်းချက်ကို FAO က လျှော့ချ
FAO က ၂၀၁၂ အတွက် ကမ္ဘာ့ဆန်ထုတ်လုပ်မှု ခန့်မှန်း ချက်ကိုလျှော့ချခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ရောင်းအားက ဝယ်လိုအားထက်ကျော်လွန်နေဦးမှာဖြစ်ပြီး၊ ဆန်တင်ပို့တဲ့ နိုင်ငံ များက ပြည်ပတင်ပို့မှု ပိတ်ပင်ဖွယ်မရှိတာကြောင့် စားနပ် ရိက္ခာ အကျပ်အတည်း တိုးလာဖို့မရှိဘူးလို့ဆိုပါတယ်။
အိန္ဒိယ နိုင်ငံမှာ ပျမ်းမျှ မုတ်သုန်မိုး ရွာသွန်းမှုအောက်ရောက်ရှိနေ တာကြောင့် ကမ္ဘာ့စပါးထုတ်လုပ်မှုအလားအလာကို တန်ချိန် ၇ ဒသမ ၈ သန်းလျှော့ချပြီးတန်ချိန် ၇၂၄ ဒသမ ၅ သန်းသာ ရှိမယ်လို့ သြဂုတ်လ ၆ ရက်မှာ FAO က ခန့်မှန်းထားပါ တယ်။ ဒါပေမဲ့ အဲဒီပမာဏက ယခင်နှစ်ထွက်ရှိမှုထက် အနည်း ငယ်ပိုမိုနေပါသေးတယ်လို့ FAO က ဆိုပါတယ်။ ဆန် ထွက် ရှိမှုအနေနဲ့ဆိုရင် ၂၀၁၂-၁၃ မှာ သုံးစွဲမှုခန့်မှန်းတန်ချိန် ၄၇၄ သန်းအထက်ပိုမိုပြီး တန်ချိန် ၄၈၃ ဒသမ ၁ သန်းအထိ ရှိ မယ်လို့ဆိုပါတယ်။ ဒီအခြေအနေက ဆန်အနေနဲ့ရောင်းချမှု ပိုမိုနေဦးမှာပါလို့ၤဗဥ ဝါရင့်စီးပွားရေးပညာရှင် Conce-pcion Calpe မှ ပြောကြားပါတယ်။ မုတ်သုံမိုး အခြေ အနေဆိုးနေတဲ့ အိန္ဒိယပင်လျှင် နိုင်ငံရဲ့ လိုအပ်ချက်ထက် ထုတ်လုပ်မှုက ပိုမိုနေဦးမှာဖြစ်ပြီး ပြည်ပတင်ပို့ဖို့လည်း ပိုလျှံ နေဦးမယ်လို့ဆိုပါတယ်။ ဇူလိုင်လအတွင်းမှာ သီးနှံဈေးတွေ မြင့်တက်တဲ့တိုင် ၂၀၀၇-၂၀၀၈ ခုနှစ်ကလို ကမ္ဘာ့ဈေးကွက်မှာ စားနပ် ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရခြင်းမရှိတဲ့ အကြောင်းရင်းတစ်ခု မှာ ဆန်ရောင်းချမှုများနေတာကြောင့်လို့ FAO ကဆိုပါ တယ်။ မုတ်သုံမိုးနည်းတာကြောင့် ၂၀၀၇ ခုနှစ်ကလို အိန္ဒိယ က ဆန်တင်ပို့မှုပိတ်ပင်ခြင်းမရှိတာကြောင့်လည်း ၂၀၀၇-၀၈ အခြေအနေမျိုး ထပ်ဖြစ်လာဖွယ်မရှိဘူးလို့ Calpe မှ ပြော ကြားတာဖြစ်ပါတယ်။ ဇူလိုင်လ လယ်တိုင်အောင် အိန္ဒိယမုတ်သုံမိုးရွာသွန်းမှုက ပျမ်းမျှအောက် ၂၂ ရာခိုင်နှုန်းသာရှိလို့ ယခု ရာသီမှာ နိုင်ငံရဲ့ထွက်ရှိမှုလျော့ကျဖွယ်ရှိပါတယ်။ စပါးထုတ်လုပ်မှု လျော့ကျမယ့် နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနဲ့ နီပေါလည်း အပါအဝင်ဖြစ်ပါတယ်။ လာမယ့်လတွေမှာ ဆန်ဈေးပြန်ခိုင် မာလာဖွယ်ရှိပေမဲ့ အနာဂတ်အတွက်တော့ ဆန်ဈေး ဆက်ပြီး ငြိမ်နိုင်ပါတယ်လို့ FAO မှဆိုပါတယ်။လမင်း၊Source: Reuters
