Main menu

Background

ထိုင်းအစိုးရက အခြေခံစံနှုန်းဈေးမပါဘဲ သိုလှောင်ဆန်ကို လေလံတင်ဖို့ရည်ရွယ်

Mon, 08/27/2012 - 10:24 -- Anonymous (not verified)

ထိုင်းအစိုးရက ၎င်းရဲ့ဆန်တင်ပို့မှုကိုမြှင့်တင်ဖို့ ကြိုး ပမ်းမှုအနေနဲ့ အခြေခံစံနှုန်းဈေးမပါဘဲ သိုလှောင်ဆန် တန် ချိန် ၁၁ သန်းကျော်ထဲမှ ဆန်များထုတ်ရောင်းဖို့ ရည်ရွယ်နေ ပါတယ်။ အဲဒီလိုရည်ရွယ်ခြင်းဟာ ထိုင်းစီးပွား ကူးသန်း ဝန်ကြီး ဌာနရဲ့ "၂၀၁၂ ဒီဇင်ဘာလတိုင်အောင် အခြေခံစံနှုန်း ဈေးနှုန်းနဲ့ လေလံပြုလုပ်သွားမယ် " ဆိုတဲ့ အစောပိုင်းကဖော်ပြ ချက်နဲ့ သိသိသာသာကိုသွေဖီနေပါတယ်။

အဓိကမိုးစပါးနဲ့ ဒုတိယသီးထပ်စပါးတို့မှ အပေါင်ခံထား တဲ့ စပါးတွေကို မည်သည့်ကုန်သည်ကိုမဆို ကြမ်းခင်းဈေး မထားဘဲ ရောင်းချသွားမယ်ဆိုတာကို လွန်ခဲ့တဲ့သီတင်းပတ်မှာ ဆပ်ကော်မတီမှ သဘောတူညီထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကသိုလှောင်ရုံတွေမှာ သိုလှောင်ထားတဲ့ ၂၀၀၃ မှ ၂၀၀၅ စပါးများ ရောင်းချဖို့ကိုလည်း အတည်ပြုကြောင်း သိရ ပါတယ်။ ဒါပေမဲ့ စီးပွားကူးသန်းဝန်ကြီးဌာနကတော့ လေလံမှာ ပျမ်းမျှဈေးက အနည်းဆုံးတစ်တန် ကန်ဒေါ်လာ ၇၀၀ ရရှိဖို့ မျှော်လင့်ထားကြောင်း ပြောကြားပါတယ်။ အဲဒီဈေးနှုန်းဟာ တောင်သူများထံက တစ်တန်ကန်ဒေါ်လာ ၅၅၀ နီးပါးနဲ့စပါး ဝယ်ယူ ထားတဲ့ အစီအစဉ်အပေါ်အခြေခံပြီးဖြစ်လာတဲ့ ဆန် ဖြူ FOB  တင်ပို့ဈေး ကန်ဒေါ်လာ ၈၀၀ ထက်လျော့နည်းပါ တယ်။ ပုဂ္ဂလိကကုန်သည်တွေကတော့ ဗီယက်နမ်ဆန်တင်ပို့ သူများနဲ့ ယှဉ်ပြိုင်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ တစ် တန်ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ဈေးနဲ့ထုတ်ရောင်းဖို့ အစိုးရ ကို တိုက်တွန်းနေတယ်လို့ သိရပါတယ်။ ထိုင်းဆန်တင်ပို့မှုက ယခင်နှစ်တင်ပို့မှုထက်များစွာ လျော့ကျနေပါတယ်။ ပြည်ပကုန်သွယ်ရေးဌာနမှ ထုတ်ပြန် ချက်အရ ဇူလိုင်လ ၂၇ ရက်အထိ ထိုင်းဆန် တင်ပို့မှုက တန်ချိန် ၃ ဒသမ ၉ သန်းနီးပါးရှိလို့ ယခင်နှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန်၇ ဒသမ ၂ သန်းထက် ၄၆ ရာခိုင်နှုန်းနီး ပါး လျော့ကျခဲ့ပါတယ်။     လမင်း၊Source: oryza.com