Main menu

Background

သြဂုတ်လပထမပတ် ပြည်ဈေးကွက်မှာ ပဲစင်းငုံဈေးမြင့်လာခဲ့ပြီး၊ ပဲကြီးဈေးကတော့ ဈေးအမြင့်နဲ့ ဆက်အရောင်းအဝယ်ဖြစ်

Mon, 08/27/2012 - 10:26 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက် ပဲမျိုးစုံသီးနှံမှာ ပဲတီစိမ်းသာ အဝင်များပြီး လက်ကျန်လည်းရှိတာကြောင့် အရောင်းအဝယ်ဖြစ်မှု ကောင်းနေပေမယ့် အခြားပဲမျိုးစုံ သီးနှံ များက ပဲအဝင်နည်းလာခဲ့သလို ဈေးကွက် အတွင်းမှာ လက် ကျန်နည်းခဲ့ပြီ ဖြစ်ပါတယ်။

မတ်ပဲသီးနှံအနေနဲ့ ယခုသြဂုတ်လ ပထမပတ် အတွင်း ဒေသတွင်းမြို့နယ်များမှ ဝင်ရောက်မှု နည်း သွားပြီး၊ ကံမဘက်မှသာအဝင်ရှိခဲ့တာကြောင့် တစ်ရက်အိတ် ၁၅၀ ခန့်သာ ဝင်ရောက်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၉၁၀၀ ကျပ်နဲ့ရန်ကုန်ဝယ်လက်များမှ  ရသလောက်အဝယ် ရှိတဲ့အတွက် လှောင်လက်သမားများကလည်း ထုတ်ရောင်းချ လာကြပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်အိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ရန်ကုန်ကို ယခုရက်ပိုင်း အတွင်း အိတ် ၅၅၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံကလည်း ကံမ၊ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ မြို့နယ်တို့မှ ထွက်ရှိမှုများသလို ဝင်ရောက်မှုအနေနဲ့ လည်းများခဲ့တာကြောင့် တစ်ရက်အိတ် ၄၀၀ ကျော်ဝင် ရောက်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ် လိုက်သလို မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ် မူတည်ပြီး ဝယ်ယူခဲ့ကြပါတယ်။ ရိုးရိုးစ တစ်တင်း ၁၇၅၀၀ ကျပ်၊ ထိပ်စတစ်တင်း ၁၈၅၀၀ ကျပ်နဲ့ ယခင်တစ်ပတ်အတိုင်း ဈေးအပြောင်းအလဲ သိပ်မရှိဘူးလို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုပမာဏကတော့ ဝင်သလောက် အဝယ်ရှိနေတဲ့ အတွက် အိတ် ၄၀၀ ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ပဲစင်းငုံ ဈေးနှုန်းအနေနဲ့ ယခင် တစ်ပတ်က ဈေး အပြောင်းအလဲမရှိဘဲ ဈေးငြိမ်ရောင်းဝယ်ခဲ့ကြပေမယ့် ယခု တစ်ပတ်အတွင်း တစ်တင်း ၂၂၀၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ပါ တယ်။ ရန်ကုန်ဝယ်လက်များ ဈေးကောင်းပေး ဝယ်ယူကြတဲ့ အတွက် အရောင်းအဝယ်ဖြစ်တဲ့ရက်များမှာ အိတ် ၃၀၀ ကျော်မှ ၄၀၀ ကျော်အထိ အရောင်းဖြစ်ခဲ့ ပါတယ်။ ပဲစင်းငုံ သီးနှံမှာ ပဲအဝင်မရှိဘဲ လက်ကျန်ပဲများနဲ့သာ ရောင်းဝယ်နေခဲ့ တာကို တွေ့ရပါတယ်။ ပဲကြီးသီးနှံမှာ ယခင်အပတ်ကအတိုင်း ဈေးအမြင့်နဲ့ ဆက်ပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ဒေသတွင်း မြို့နယ်များနဲ့ အောင်လံမြို့နယ်များမှ အဝင်ရှိပြီး၊ လက်ကျန် များလဲရှိခဲ့တာကြောင့် ရန်ကုန်ဝယ်လက်အဝယ်ရှိသလို ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားကတော့ နေ့စဉ်အဝယ်ရှိခဲ့ ကြပါတယ်။ ပဲကြော်ဖိုလုပ်ငန်းသမားများမှ တစ်ရက် အိတ် ၁၅၀ - ၂၀၀ အဝယ်ရှိနေခဲ့ပါတယ်။ကုလားပဲဈေးကတော့ ယခုတစ်ပတ်မှာ တစ်တင်း  ၂၄၂၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ တယ်လို့ သိရပါတယ်။ ပဲအဝင်နည်းသွားခဲ့ပြီး ပဲလက်ကျန် များ ရှိခဲ့တာကြောင့် နေ့စဉ်အရောင်းအဝယ် မဖြစ်သော်လည်း အဝယ်လိုက်တဲ့ရက်မှာ အိတ် ၁၀၀ ကျော် ရောင်းချနိုင် ခဲ့ ပါတယ်။ ယခင်အပတ်က ရခိုင်ဝယ်လက် အဝယ်ရှိပြီး တစ် တင်း ၂၃၅၀၀ ကျပ်နဲ့ ရောင်းချခဲ့ပေမယ့်ယခုတစ်ပတ်မှာ တစ် တင်း ၁၀၀၀ ကျပ်နီးပါးဈေးမြင့်သွားခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း