ကမ္ဘာ့ဒေသ တော်တော်များများမှာ မိုးခေါင်ခြောက်သွေ့ ခြင်းက ပဲမျိုးစုံနဲ့စားဆီတင်သွင်းဖို့စီစဉ်ထားတဲ့ ပမာဏ ကိုလျှော့ချဖို့ တွန်းအားပေးနေပါတယ်။ အကြောင်းကတော့ ကာလတိုအတွင်း ဈေးနှုန်းများထပ်မံမြင့်တက် လာနိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးရေမလုံလောက်တဲ့ အတွက် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံထုတ်လုပ်မှု ကျဆင်းဖွယ် ရှိတဲ့ အတွက် ဗဟိုအစိုးရက တင်သွင်းခြင်းဖြင့် ပြည်တွင်း ပဲရရှိ မှုမြှင့်တင်ဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်၊ တောင်ကိုရီးယား၊ ရုရှား၊ သီရိ လင်္ကာနဲ့ယူကရိန်းတို့လို နိုင်ငံတော်တော်များများမှာ မိုးပါးတဲ့ အတွက် ကမ္ဘာ့ဈေးကွက်မှာ ထုတ်လုပ်မှုအလုံအလောက် မဖြစ်နိုင်ခြင်းက အိန္ဒိယအစိုးရရဲ့အစီအစဉ်အတွက် အဆင် ပြေ ချောမွေ့နိုင်မှာမဟုတ်ပါဘူး။ မုတ်သုံမိုးသက်ရောက်မှု ကြောင့် လွန်ခဲ့တဲ့ ၃လအတွင်း ဈေးနှုန်းမြင့်တက် လာရာ ပဲလက်ကားဈေးက ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး စားဆီဈေးက ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ပါတယ်။ စားနပ်ရိက္ခာနဲ့စားသုံးသူရေးရာဝန်ကြီးဌာနမှ ပြောကြား ချက်အရ တစ်နှစ်လိုအပ်ချက် ပဲတန်ချိန် ၂၀ ဒသမ ၅ သန်းရှိ ပေမဲ့ ယခုနှစ်ပဲထုတ်လုပ်မှုက ၂၀၀၉-၁၀ ခုနှစ်တုန်းက ထုတ် လုပ်တဲ့တန်ချိန် ၁၄ ဒသမ ၅ သန်းလောက်သာရှိနိုင်မယ်လို့ ဆိုပါတယ်။ ပဲပြတ်လပ်မှုအတွက် ဖြည့်တင်းဖို့ အစိုးရက ပဲတန်ချိန် ၆ သန်းတင်သွင်းလိုပေမဲ့ အဲဒီလိုဖြစ်မလာနိုင်ဘူးလို့ ဝန်ကြီးဌာနကဆိုပါတယ်။ လက်ရှိအခြေအနေအရ ယခုနှစ် မှာ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၅ သန်းမှ ၂ သန်းဝန်းကျင်သာ တင်သွင်းဖို့ အစိုးရကို တွန်းအားပေးနေပါတယ်။ တင်သွင်းပဲများထဲမှ ပဲတစ်ကီလိုကို ဆင်းရဲမှုလိုင်း (BPL) အောက်ရှိတဲ့မိသားစုတွေကို ၂၀၁၂ အောက်တိုဘာလမှ ၂၀၁၃ မတ်လအထိ ၆ လအတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။ ယင်းမိသားစုများဟာ ပဲတစ်ကီလို ရူပီး ၂၀ (ကန်ဒေါ်လာ သုည ဒသမ ၆၃) လျှော့ပြီး ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ စားဆီအနေနဲ့ ဆင်းရဲမှုလိုင်းအောက် ရောက် နေတဲ့ ပြည်သူများအတွက် တစ်ကီလို ၁၅ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၂၇)လျှော့ပြီး တစ်လကို စားဆီ တစ်ကီလိုစီ ဖြန့်ဖြူးဖို့ အစိုးရက စီစဉ်ထားပါတယ်။ ဒါပေမဲ့ တင်သွင်းမှု ပမာဏကိုတော့ ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့သိရ ပါ တယ်။ စားဆီနဲ့ပဲမျိုးစုံ ၂ မျိုးလုံးအတွက် အစိုးရက နိုင်ငံပိုင် ှွှဃ အေဂျင်စီမှတစ်ဆင့် တင်သွင်းသွားမှာဖြစ်ကြောင်း သိရပါ တယ်။ အစိုးရက ပဲမျိုးစုံနဲ့စားဆီတင်သွင်းမှုကို ပုဂ္ဂလိက လုပ် ငန်းရှင်များအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားတဲ့တိုင် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ နိုင်ငံတကာဈေးမြင့်တက် နေတာကြောင့် ပမာဏကြီးကြီးမားမားတင်သွင်းဖို့ နှောင့်နှေး နေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မိုးပဲစိုက်ပျိုးဖို့ စုစုပေါင်း ဟက်တာ ၇၃ ဒသမ ၇၆ သိန်းရှိလို့ ယခင်နှစ်ထက် ၅ ဒသမ ၉၃ သိန်းလျော့ကျနေကြောင်းသိရပါတယ်။ ယမင်းခင်၊Source: Business Standard