အိန္ဒိယမိုးရွာသွန်းမှုက ယခင်သီတင်းပတ်တွေထိ ပုံမှန် အောက် ၂၀ ရာခိုင်နှုန်းခန့်လျော့ကျနေခဲ့ရာမှ ဒီတစ်ပတ်မှာ တော့ ပုံမှန်အောက် ၁၇ ရာခိုင်နှုန်းခန့်သာ လျော့ကျလာလို့ မိုးရွာသွန်းမှုတိုးတက်လာတဲ့ အခြေအနေ ရှိလာပါတယ်။
ဒါပေမယ့်လည်း မိုးရွာသွန်းမှုက အနှံ့အပြားမဟုတ်ဘဲ အချို့ ဒေသတွေမှာသာများလို့ အချို့ပဲစိုက်တဲ့ ဒေသတွေမှာတော့ မိုးပါးနေဆဲပဲလို့ သိရပါတယ်။ ပဲစိုက်ပျိုးမှုအနေနဲ့ ခန့်မှန်းခြေ အားဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပေမဲ့ မိုးပါးလို့ ထင်သလောက်တိုးတက်မှုမရှိတဲ့ အတွက် စက်တင်ဘာလလယ်လောက်မှ ပဲစိုက်ပျိုးမှု ပြီးစီး မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သြဂုတ်လ ၃ ရက်နေ့အထိ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုက ဟက်တာ ၇၂ ဒသမ ၇၉ သိန်းရှိပြီး၊ ပြီးခဲ့တဲ့နှစ် ကာလတူစိုက်ပျိုးမှု ဟက်တာ ၈၄ ဒသမ ၁၅ သိန်းနဲ့ယှဉ်ရင် ဟက်တာ ၁၄ ဒသမ ၇၆ သိန်းခန့် လျော့ကျနေပါတယ်။ ကာလတူပုံမှန်စိုက်ဧရိယာ ဟက်တာ ၈၄ ဒသမ ၁၅ သိန်းထက်လည်း ဒီနှစ်မှာ ဟက်တာ ၁၁ ဒသမ ၃၆ သိန်းလျော့နည်းတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံစီးပွားရေးရာဝန်ကြီးများကော်မတီမှ ၂၀၁၂-၁၃ ရာသီအတွက် ပဲစင်းငုံနဲ့ ပဲတီစိမ်းအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (MSP)အသစ်ကို အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် MSP ဈေးတွေထက် ပဲစင်းငုံတစ်တန်ကို ရူပီး ၆၅၀၀ (ကန်ဒေါ်လာ ၁၁၇)၊ ပဲတီစိမ်းတစ်တန် ရူပီး ၉၀၀၀(ကန်ဒေါ် လာ ၁၆၂) ပိုတိုးမြှင့်ပြီး၊ တစ်တန် ရူပီး ၃၈၅၀၀ (ကန်ဒေါ်လာ ၆၉၅)နဲ့ ရူပီး ၄၄၀၀၀ (ကန်ဒေါ်လာ ၇၉၄)အသီးသီးသတ်မှတ် ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ မတ်ပဲ MSP ဈေးကို ယခင်နှစ် ထက် ရူပီး ၁၀၀၀၀(ကန်ဒေါ်လာ ၁၈၀)ပိုမိုပြီး တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၇၆)သတ်မှတ်ထားပါတယ်။ဈေးအမြင့်မှာ ဝယ်လိုအားနည်းလို့ ယခုတစ်ပတ် ပဲဈေးအနည်း ငယ်အေး ယခုတစ်ပတ်အတွင်း အိန္ဒိယဈေးကွက်မှာ ကုန်သည်တွေနဲ့ ပဲခွဲစက်တွေက ဈေးအမြင့်မှာ အဝယ်အေးနေလို့ မတ်ပဲဈေးလည်း ပြန်လျော့လာပါတယ်။ ပြီးခဲ့တဲ့လမှာ ပဲဈေးတွေမြင့်တက်လာလို့ အစိုးရက ကြားဖြတ် ဆောင်ရွက်မယ့် ခန့်မှန်းချက်တွေအရ ကုန် သည်တွေက ပဲဈေးပြန်အကျကို စောင့်မျှော်နေကြတယ်လို့ သိရပါ တယ်။ ပဲအဓိကစိုက်ပျိုးတဲ့ ပြည်နယ်အချို့မှာ မတ်ပဲစိုက်ပျိုးမှု ပိုမိုပြီး၊ အချို့ဒေသတွေမှာ ရာခိုင်နှုန်းအချို့လျော့ကျမှုရှိပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မတ်ပဲစိုက်ပျိုးမှုက မနှစ်ကထက် များများ မလျော့နိုင်ဘူးလို့ သုံးသပ်ရပါတယ်။ လက်ရှိမှာတော့ ပြည်ပကမတ်ပဲ တွေတင်သွင်းမှုအားကောင်းနေပြီး၊ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်နေ့အထိ ချန်နိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၅၅၄ လုံးဝင်ရောက်တယ်လို့ သိရပါတယ်။ လတ်တလော ဈေးကွက်တွေ မှာ ရောင်းဝယ်မှုနည်းတယ်လို့ သိရပါတယ်။ ပဲစင်းငုံအနေနဲ့ ယခု ရက်ပိုင်း ဈေးသိသိသာသာကျဆင်း လာပါတယ်။ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဆက်စပ်ပြည်နယ် တွေမှာ လွန်ခဲ့တဲ့ ၃ - ၄ ရက်က မိုးသည်းထန်ခဲ့လို့ ပဲဝယ်လိုအား ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ဈေးအမြင့်မှာ ဝယ်လိုအားလည်း ကျဆင်းခဲ့လို့ တစ် ပတ်အတွင်း မွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံတစ်တန် ကန် ဒေါ်လာ ၄၅ ခန့်အထိ ကျဆင်းလာတာ တွေ့ရပါတယ်။ ဒါပေမယ့် လည်း ပဲစိုက်ဧရိယာ ကျဆင်းပြီး အထွက်လျော့မယ့် ခန့်မှန်းချက် တွေအပြင် ပဲစိုက်ပျိုးမှု နှေးကွေးလို့ ပဲအသစ်က နိုဝင်ဘာ၊ ဒီဇင်ဘာ မတိုင်မီ ထွက်မလာနိုင်တဲ့အတွက် ပဲစင်းငုံဈေး မြင့်တက်ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်အထိ ချန်နိုင်းဆိပ်ကမ်းကို မြန်မာပဲစင်းငုံကွန်တိန်နာ ၇၇ လုံး ဝင် ရောက်တယ်လို့ သိရပါတယ်။ ဝယ်လိုအား နည်းပေမယ့် ပဲတီစိမ်း အရည်အသွေး ကောင်းမရှိတဲ့အတွက် ပဲတီစိမ်းဈေးကတော့ ဆက်ပြီး တည် ငြိမ်နေပါတယ်။ အစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြှင့် ပေးလိုက်တဲ့အတွက် လွန်ခဲ့တဲ့ ၄ ရက်အတွင်း အကောင်းဆုံး ပဲတီစိမ်းဈေးက တစ်တန်ကန်ဒေါ်လာ ၁၀၁၇ ထိအောင် မြင့် တက်ခဲ့ပါတယ်။ ဒါ့အပြင် ဂူဂျာရတ်နဲ့ ရာဂျက်စသန်မှာလည်း မိုးမရွာတဲ့အတွက် ပဲတီစိမ်းစိုက်ပျိုးမှု မနှစ်ကထက် ၅၅ ရာခိုင် နှုန်းကျော် လျော့ကျလျက်ရှိရာ တစ်နိုင်ငံလုံးအနေနဲ့ ပဲတီစိမ်း စိုက်ပျိုးမှု သိသိသာသာ ကျဆင်းမယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိမှာတော့ မြန်မာပဲတီစိမ်းအပြင် သြစတြေးလျ၊ တန်ဇန်း နီးယားနဲ့ မိုဇမ်းဘစ်က ပဲတီစိမ်းတွေလည်း တင်သွင်းနေတာ တွေ့ရပါတယ်။ ကုလားပဲအနေနဲ့ ရောင်းလိုအားနည်းပြီး၊ ပွဲတော် ဝယ်လိုအားတွေရှိလို့ ဒီတစ်ပတ်မှာ အခြားပဲတွေဈေး လျော့ပေ မယ့် ကုလားပဲဈေးအနည်းငယ်တိုးလာပါတယ်။ မိုးရာသီသီးနှံ ရောင်းချမှုနည်းတဲ့အတွက် ကုလားပဲ အဝယ် တက်လာလိမ့် မယ်လို့ ခန့်မှန်းကြပါတယ်။ ကုလားပဲက ဆောင်းသီးနှံဖြစ်ပေ မယ့်မိုးပဲစိုက်ပျိုးမှုနည်းတဲ့အတွက်တော့ ဈေးနှုန်းသက်ရောက်မှု တွေ ရှိလာပါတယ်။ လာမယ့်ရက်တွေမှာ အိန္ဒိယ ဟိန္ဒူပွဲတော် ကာလရောက်တော့မှာဖြစ်လို့ ပဲဝယ်လိုအားကောင်းလာပြီး ဈေးပိုမိုမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။MIRT - MAPT