Main menu

Background

ကုလားပဲရောင်းချမှုနည်းပြီး အထွက်လျော့ကျမှုအပေါ် စိုးရိမ်မှုတွေအရ အိန္ဒိယကုလားပဲဈေး မြင့်တက်

Mon, 08/27/2012 - 10:37 -- Anonymous (not verified)

အိန္ဒိယပဲစိုက်ပျိုးတဲ့ ဧရိယာတွေလျော့ကျတာကြောင့် ပဲအထွက်လျော့ကျ မှာ ကို စိုးရိမ်လျက်ရှိပြီး၊လက်ငင်းရောင်းချမှုပါးတာကြောင့် သြဂုတ် ၇ ရက်မှာ အိန္ဒိယ ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးကြိုပွို င့်ဈေးမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးပဲ စိုက်ပျိုးတဲ့ အချို့ဒေသတွေမှာမိုးရွာသွားပြီးဈေးအမြင့်နဲ့ပဲခွဲစက်များက ဝယ် လိုအား ကျဆင်းတာကြောင့်ပဲဈေးနှုန်းမြင့်တက်မှုကိုကန့်သတ်နိုင်ပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်၊ ကာနာတာကာနဲ့ ဥတ္တရာပရာဒေ့ရှ်တို့မှာ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက် အတွင်း မိုး ကောင်းကောင်းရရှိခဲ့တယ်လို့သိရပါတယ်။

သြဂုတ် ၃ ရက်အထိ တောင်သူများ မိုးပဲစိုက်ပျိုးမှုက ဟက်တာ ၇ ဒသမ ၂၈ သန်းရှိလို့ ယခင်နှစ် ကာလတူစိုက်ပျိုးမှုဟက်တာ ၈ ဒသမ ၇၅ သန်းထက် လျော့ကျပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ပို့ရမယ့် ကုလားပဲ ဈေးကတစ်တန်ရူပီး ၄၉၀၅၀ (ကန်ဒေါ်လာ ၈၉၁)ကို သုည ဒသမ ၉၉ ရာခိုင် နှုန်း မြင့်တက်ခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာတော့ ဈေးမြင့်မားနေတာကြောင့် ပဲခွဲစက်များနဲ့ လက်လီရောင်းချ သူများ လျှော့ဝယ်လာကြတယ်လို့ဆိုပါတယ်။ လူတိုင်းက ပဲ ဝယ်ဖို့ ဈေးအကျ ကို စောင့်ဆိုင်းနေတယ် လို့ ဒေလီရှိကုန်သည် Arun Kumar Goel မှပြောကြားပါတယ်။ ဒေလီလက်ငင်းဈေးကွက်မှာ ကုလားပဲတစ်တန်ရူပီး ၂၃၀(ကန်ဒေါ်လာ ၄ ဒသမ ၁၇)ကျဆင်းပြီး ရူပီး ၄၉၂၇၀ (ကန်ဒေါ်လာ ၈၉၅) ရှိကြောင်းသိရပါတယ်။                 ယမင်းခင်၊Source: Reuters