ပြည်ပကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်တာ ကာလအတွင်း ချင်း ၅၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။
တင်ပို့ခဲ့တဲ့နိုင်ငံ က စင်ကာပူနိုင်ငံဘဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ရှစ်ဆယ်ကျော် တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးဆယ်နီးပါးလျော့နည်းပြီး တင်ပိ့ုခဲ့ တာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တာက ချင်းခြောက်ဖြစ်ပါတယ်။ ချင်း ခြောက်က FOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၁၄၄၀ ဝန်းကျင်ထိရရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လရဲ့ ချင်းတင်ပို့မှုကိုကြည့်ရင် စင်ကာပူနိုင်ငံ၊ ကူဝိတ်နဲ့ မလေးရှားနိုင်ငံကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လမှာ စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က ၁၃၃ ဒသမ ၇၆ တန် ဖြစ်ပါတယ်။ MIRT(DOT)