Main menu

Background

ဒီသီတင်းပတ် မန်ကျည်းတင်ပို့မှု ပျောက်ခဲ့

Mon, 08/27/2012 - 10:47 -- Anonymous (not verified)

ဒီသီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင် ၂၉ ရက်မှ သြဂုတ်လ ၄ ရက်တာ ကာလ အတွင်း မန်ကျည်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာတော့ တန် ၁၇၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တင်ပို့ခဲ့တဲ့ နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ ထိုင်း နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဘဲဖြစ်ပါတယ်။

ဇူလိုင်လအတွင်း မန်ကျည်းတင်ပို့မှု စုစု ပေါင်းတန်ချိန်က ၄၅၅ တန်ရှိခဲ့ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့မန်ကျည်းတန်ချိန် က ၇၄၈ တန်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ မန်ကျည်းအပို့သာခဲ့ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လရဲ့ မန်ကျည်းတင်ပို့မှုကိုကြည့်ရင် တန်ချိန် ၁၂၇ တန်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လ မန်ကျည်းတင်ပို့မှုက ယခင်နှစ်ဇူလိုင်လရဲ့ မကျည်းတင်ပို့မှုတန်ချိန်ထက် တန်ချိန် ခြောက်ရာကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOT)