Main menu

Background

တရုတ်နိုင်ငံ ချင်းဈေးကြီးမားစွာ ကျဆင်း

Mon, 08/27/2012 - 10:45 -- Anonymous (not verified)

တရုတ်နိုင်ငံမှာ ယခုနှစ်သြဂုတ်လ ၂ ရက်အထိ ချင်းပျမ်းမျှဈေးက ယခင် နှစ်ထက် ၅၃ ဒသမ ၇ ရာခိုင်နှုန်း အထိ ကြီးမားစွာကျဆင်းကြောင်းသိရပါတယ်။ Guangming ဟင်းသီးဟင်းရွက် လက်ကားဈေးမှာ ချင်းဈေးက ၁၀ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်က တစ်ကီလိုယွမ် ၁ ဒသမ ၄ (ကန်ဒေါ်လာ သုည ဒသမ ၂၂) ဈေး ရှိခဲ့ပါတယ်။ အဲဒီဒေသလက်လီဈေးမှာ ယွမ် ၂ ဒသမ ၆ (ကန်ဒေါ်လာ သုည ဒသမ ၄) ရှိကြောင်းသိရပါတယ်။ယမင်းခင်၊Source: chinadaily.com