Main menu

Background

ယခုတစ်ပတ် ရှမ်းနနွင်းဈေးမြင့်လာ

Mon, 08/27/2012 - 10:54 -- Anonymous (not verified)

ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာထပ်ပြီးတက်လာပါတယ်။ ဒါပေမယ့် ပစ္စည်းက အဝင်လည်းမရှိ၊ လာရောင်းမယ့်သူလည်း မရှိဖြစ်နေပါတယ်။ လက်ကျန်တွေရှိနေပေမယ့် ဈေးကွက်မှာ အဝင်မရှိဘူးလို့ သိရပါတယ်။

အောင်ပန်းဈေးကွက်က အခြားဈေးကွက်တွေနဲ့မတူဘဲ ပစ္စည်းတွေဈေးတက်လာရင် အဝင်နည်းပြီး ဈေးပေါရင် ပစ္စည်းပုံနေတတ်တာကြောင့် အခြား ဈေးကွက်တွေနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ တစ်ပိဿာ ၆၀၀ ကျပ် - ၇၀၀ ကျပ်ဈေးနဲ့လာရောင်းကြပြီး၊ တစ်ပိဿာ ၈၀၀ ကျပ်ပေးတဲ့အခါ အရောင်းနည်းလာပါတယ်။ ဒီထက်ပိုပြီး ဈေးရဦးမလားဆိုပြီး လာမရောင်းကြပါဘူးလို့ သိရပါတယ်။ ယခု လောလောဆယ်ဆယ်မှာတော့ လှောင်လက်တွေကသာ ရွာအထိလိုက်ဆင်းဝယ်နေကြပါတယ်။ ရန်ကုန်ဝယ်လက်တွေက ဝယ်ချင်ပေမယ့် ရောင်းမယ့်သူတွေ ကလည်း ဈေးနှုန်းမကိုက်လို့ မရောင်းချင်ကြသေးပါဘူး။ ဒီတစ်ပတ်နနွင်းပေါက်ဈေးက ပင်လောင်းနနွင်းက တစ်ပိဿာ ၆၀၀ ကျပ် - ၇၀၀ ကျပ်၊ တောင်ပို့လ နနွင်းက ၈၀၀ ကျပ် - ၁၀၀၀ ကျပ်၊ ဟိုပုံးနနွင်းက ၈၀၀ ကျပ် - ၉၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်