အိန္ဒိယနနွင်းဈေးကွက်မှာ လှောင်လက်များက ကမ်း လှမ်း ဈေးလျော့တာကြောင့် နနွင်းလက်ငင်းဈေး တစ်တန် ရူပီး ၂၀၀၀ - ၄၀၀၀ (ကန်ဒေါ်လာ ၃၆-၇၂) ကျဆင်း ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ကြိုပွိုင့် ဈေးလည်း ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။
နနွင်းဥ ဝယ်လိုအားတက် လာပေမယ့် ယခုအခါ နနွင်းလက်ချောင်း အတွက်မှာယူမှု ရပ်တန့်နေတယ်လို့ သိရပါတယ်။ လာမယ့် တစ်ပတ်အတွင်း မှာတော့ ယင်းနနွင်း ၂ မျိုးလုံးအတွက် မှာယူမှုအသစ်များ ရရှိလိမ့်မယ်လို့ ကုန်သည်များမျှော်လင့်နေကြပါတယ်။ နနွင်း ဈေးကွက်ကို စုစုပေါင်းနနွင်းအိတ် ၁၁၂၀၀ ဝင်ရောက်တဲ့ အနက် ၇၅ ရာခိုင်နှုန်းကို လှောင်လက်များ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ ကာနာတာကာမှာ မုတ်သုံမိုးရွာလာပြီဖြစ်လို့ နနွင်းစိုက်ပျိုးဖို့ ရေရရှိတော့မယ်လို့ အီရော့ နနွင်းကုန်သည် များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗွီရှန်ကာမှ ပြောကြား ပါတယ်။ လာမယ့်နှစ်မှာ အဲဒီဒေသမှာ အထွက်နှုန်းမြင့်လိမ့် မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရေမရှိတဲ့ ဒေသတွေမှာ နနွင်း အထွက်လျော့နိုင်လို့ တစ်နိုင်ငံလုံး စုစုပေါင်း ထွက်ရှိမှုက ၂၀ ရာခိုင်နှုန်း - ၃၀ ရာခိုင်နှုန်းခန့်လျော့ကျနိုင်တယ်လု့ိ ခန့်မှန်း ကြပါတယ်။ နနွင်းအမြောက်အမြားဝယ်ယူသူများက အရည်အသွေး ကောင်း နနွင်းကို ပိုမိုနှစ်သက်ကြပြီး၊ အိန္ဒိယ မြောက်ပိုင်းကို တင်ပို့ဖို့ ဝယ်ယူကြတယ်လို့ သိရပါတယ်။ အီရော့နနွင်း ကုန် သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၃၃၉၉၀- ၇၀၆၄၀ (ကန်ဒေါ်လာ ၆၁၇ - ၁၂၈၂)ရှိပြီး၊ နနွင်း ဥဈေးက တစ်တန် ရူပီး ၃၂၉၉၀ - ၆၁၆၁၀ (ကန်ဒေါ်လာ ၅၉၉ - ၁၁၁၈)ရှိကြောင်း သိရပါတယ်။ ယမင်းခင်၊Source: business Line