Main menu

Background

မြန်မာဘက်မှ ကြက်သွန်ဖြူကို နှစ်စဉ်ဇူလိုင်လမှ အောက်တိုဘာလထိကာလအတွင်း ထိုင်းသို့ တင်ပို့နိုင်

Mon, 08/27/2012 - 10:56 -- Anonymous (not verified)

မြန်မာနဲ့ ထိုင်းကြက်သွန်ဖြူထွက်ရှိတဲ့ ရာသီဥတု တူ ညီတာကြောင့် မြန်မာဘက်မှကြက်သွန်ဖြူများအား နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလထိ တင်သွင်းခွင့်ပြုထားတယ်လို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အကောက်ခွန်ဌာန တာဝန်ရှိသူနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံတို့ ဇူလိုင်လ ၂၄ ရက်က တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သတင်း ရရှိ ပါတယ်။

တာချီလိတ်ကုန်သည်အသင်းမှ တစ်ဖက်နိုင်ငံသို့ ကြက် သွန်ဖြူတင်ပို့ရာမှာ တစ်ဖက်ထိုင်းနိုင်ငံကုန်သည်များ အနေနဲ့ ယခင်က ချင်းရိုင်ခရိုင်အကောက်ခွန်ဌာနရဲ့ ထောက်ခံချက်ရ ယူခဲ့ရသော်လည်း ယခုအခါဘန်ကောက် အကောက်ခွန်ထံမှ ထောက်ခံချက်ရယူနေတာကြောင့် အခက်အခဲများရှိကြောင်း နဲ့ ဒေသထွက်ကြက်သွန်ဖြူများအား တရားဝင်တံတား (၂)မှ တင်ပို့၍မရဖြစ်နေကြောင်း တင်ပြခဲ့တဲ့အတွက် မယ်ဆိုင် အကောက်ခွန်ဌာနမှ တာဝန်ရှိသူနဲ့ မိမိဘက် နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံတို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ယခင်ချင်းရိုင်/ချင်းမိုင်စီးပွားကူးသန်း ဌာနရဲ့ ထောက်ခံချက် ရယူဆောင်ရွက်နိုင်သော်လည်း ထိုင်းစီးပွားကူးသန်းဝန်ကြီး ဌာနရဲ့ အမိန့်ညွှန်ကြားချက်အရ ဘန်ကောက်အကောက်ခွန် ထံမှ ထောက်ခံချက်ယူစေတာလို့ သိရပါတယ်။ သို့သော် မြန်မာဘက်မှ ကြက်သွန်ဖြူတင်ပို့ရန် ထောက် ခံချက်ရယူရာမှာ အကြိမ်ကြိမ်ယူရန်မလိုဘဲ ကုမ္ပဏီတစ်ခု လျှင် တစ်ကြိမ်သာယူရန်လိုတယ်လို့ ဆိုပါတယ်။ တင်သွင်းခွင့် မပြုတဲ့ကာလမှာ တင်သွင်းရင်တော့ ပစ္စည်းတန်ဖိုးရဲ့ ၅၇ ရာခိုင်နှုန်းကို ဒဏ်ကြေး ပေးဆောင်တင်သွင်းနိုင်တယ်လို့ သိရ ပါတယ်။ မြန်မာကုန်သည်များကတော့ လုပ်ဆောင်ခြင်း မရှိဘူးလို့သိရပါတယ်။ တင်သွင်းခွင့်ပြုထားတဲ့ ကာလအတွင်း တင်သွင်းရင်တော့ ATIGA ပါရှိက အခွန် သုည ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ထိုင်းအကောက်ခွန်ဌာနရဲ့ ရှင်း လင်းပြောကြားချက်ကို တာချီလိတ် ကုန်သည်အသင်းအား တရားဝင်အသိပေးထားပြီးပြီလို့ တာချီလိတ်စခန်းတာဝန်ခံ ဦးစိုးလွင်က ဇူလိုင် ၃၁ ရက်က တာချီလိတ် အကောက်ခွန် ဦးစီးဌာန အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယခင် က တစ်နှစ်လျှင် တာချီလိတ်မှ ဒေသထွက်ကြက်သွန်ဖြူ အနည်းဆုံး တန် ၁၀၀၀ တင်ပို့မှုရှိခဲ့သော်လည်း ယခုအခါ တင်ပု့ိမှုမရှိဘူးလို့ သိရပါတယ်။ဂန္ဓမာ