Main menu

Background

AEC အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ကိုယ်စားလှယ်စီမံကိန်းစတင်

Mon, 08/27/2012 - 10:59 -- Anonymous (not verified)

အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ပညာရေး၊ ကော်မရှင်ရုံး (Office of the Vocational Education Commission-OVEC) နှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှု ဦးစီးဌာန (Department of Trade Negotiation-DTN)  တို့က အာဆီယံစီးပွားရေး အသိုက်အဝန်း အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်  ကိုယ်စားလှယ်စီမံကိန်း  (AEC Vocational Ambassador Project) ကို ဇူလိုင်လတွင် စတင် လျက်ရှိကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်း (ASEAN Economic Community-AEC)    အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ရက်များ ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း သိရှိရသည်။

OVEC  ၏အထွေထွေအတွင်းရေးမှူး Dr. Chaiya- pruek Serirak  က ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး အသိုက် အဝန်းသည် ပြောင်းလဲမှုအမျိုးမျိုးကို   ဖြစ်စေနိုင်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်သင်တန်း တက်ရောက် လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၅၀၀၀၀၀ ကျော်အတွက် အကောင်းဆုံး ကြိုတင် ပြင်ဆင်ပေးရန်လိုအပ်ကြောင်း ပြောကြား သည်။ အဆိုပါ ကျောင်း သား၊ ကျောင်းသူများသည် အနာဂတ်တွင် စက်မှုကဏ္ဍာနှင့် ဝန်ဆောင်မှုကဏ္ဍများအတွက် အရေးပါသော လူ့ စွမ်းအားအရင်းအမြစ်များအဖြစ် တာဝန်ယူဆောင်ရွက်ကြမည့်သူ များ ဖြစ်ပါသည်။ ထို့ကြောင့် DTN သည် ဤစီမံကိန်းကို စတင်ရန် အတွက် OVEC ကို ငွေကြေးပံ့ပိုးကူညီခဲ့သည်။ ဤစီမံကိန်းက ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများ အတွက် အာဆီယံစီးပွားရေးအသိုက်အဝန်းအကြောင်း ပိုမိုနား လည်စေခြင်း၊ ၎င်းင်းတို့၏ နိုင်ငံနှင့်လူ့အဖွဲ့အစည်းအပေါ် ရိုက်ခတ်နိုင် သည့် သက်ရောက်မှုများကို သိရှိဖော်ထုတ်နိုင်ခြင်း၊ အင်္ဂလိပ်စာကျွမ်း ကျင်မှုအပြင် အာဆီယံနိုင်ငံများ၏ ဘာသာစကားများကိုလည်း ကျွမ်းကျင်တတ်မြောက်စေခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို မည်ကဲ့သို့ ဦးဆောင်လုပ်ကိုင်ရမည်ကို လေ့လာသင်ယူနိုင်ခြင်း စသည့် ကောင်းကျိုးများ ဖြစ်ထွန်းစေမည်ဖြစ်သည်။ ဤစီမံကိန်းအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အသက်မွေးဝမ်းကျောင်း အလုပ် အကိုင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၀ ကျော်ကို ရွေး ချယ်ထားကြောင်း၊ သင်တန်းကို အခြေခံနှင့် အဆင့်မြင့်ဟူ၍ အဆင့် ၂ ဆင့် ခွဲခြားထားကြောင်း သိရှိရသည်။ ပါဝင်တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများ က အာဆီယံနှင့်ပတ်သက်သည့် ယင်းတို့၏ တီထွင်ဖန်တီးမှုနှင့် အသေးစိတ် ပညာဗဟုသုတများကို ထုတ်ဖော်တင်ပြနိုင်ရန် အတွက်လည်း အစီအစဉ်များစွာကို ထည့်သွင်းထားရှိသည်။ တက်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားများအနက်မှ အရည်အချင်းပြည့်ဝသူများကိုသာလျှင် အာဆီယံအသက်မွေး ဝမ်းကျောင်း အလုပ်အကိုင် ကိုယ်စားလှယ်များ  (ASEAN Vocational Ambassadors)  အဖြစ် ရွေးချယ်မည်ဖြစ်သည်။  Source: www.en.moe.go.th.comသိန်းမြင့်ဝေ