Main menu

Background

ငြိမ်သက်နေဆဲ ဒေါ်လာဈေးကွက်

Mon, 08/27/2012 - 11:02 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်း  ပြည်တွင်း ငွေလဲနှုန်းများသည်ပြောင်းလဲမှုအနည်း  ငယ်မျှဖြင့်သာ  အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

ယခုတစ်ပတ်တွင် ဧရာဝတီဘဏ်မှ အမေရိကန်  တစ်ဒေါ်လာလျင်  ၈၈၀ ကျပ်ဖြင့်  ရောင်းချခဲ့ရာ  တခြားငွေလဲ စင်တာများထက် ခုနစ်ကျပ်မျှပိုမိုရောင်း ချခဲ့သည်ကိုတွေ့ရသည်။ သို့သော် ဝယ် ဈေးတွင်မူ ကွာဟချက်အနည်းငယ်သာ ရှိခဲ့သည်ကို တွေ့ရသည်။အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမဘဏ်တို့တွင်  အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၇၃ ကျပ်သာရှိခဲ့ရာဧရာဝတီဘဏ်၏ရောင်း ဈေးနှင့်ယှဉ်လျှင်  ခုနစ်ကျပ်မျှကွာဟ နေသည်ကိုတွေ့ရသည်။" ဧရာဝတီဘဏ်က   တခြားဘဏ် တွေထက် ရောင်းဈေးကများနေတယ်။ ဘာကြောင့်လဲဆိုတာတော့ မပြောဘူး။  သူ့ဈေးအတိုင်းဆိုရင် ခုနစ်ကျပ်လောက် ကွာနေတော့ တခြား ငွေလဲစင်တာ တွေကို စုံစမ်းပြီးမှသွားဝယ်ရမယ်။ စင် တာတစ်ခုနဲ့တစ်ခုက ငွေလဲနှုန်းကွာဟ ချက်သိပ်ကြီးနေတာမကောင်းဘူး။တစ် ကျပ် နှစ်ကျပ်လောက်က သိပ်ပြဿနာ မရှိပေမယ့် အခုဟာက ခုနစ်ကျပ်ဆို တော့ ငွေများများလဲတဲ့သူတွေအတွက် နစ်နာတာပေါ့" ဟု ဧရာဝတီဘဏ်တွင် ငွေလာရောက်လဲလှယ်သည့်သူတစ်ဦး ကဆိုသည်။သို့သော် ပြင်ပငွေလဲဈေးကွက်နှင့် ပုဂ္ဂလိကဘဏ်များ၏ငွေလဲစင်တာများ ရှိဈေးနှုန်းများမှာ  ယခင်ကကဲ့သို့ များ စွာကွာဟမှုမရှိတော့သည့်အတွက် ငွေ ဈေးနှုန်းများ  တည်ငြိမ်နေရခြင်းဖြစ် ကြောင်း  ဈေးကွက်လေ့လာသူတချို့ က သုံးသပ်လျက်ရှိကြသည်။မယ်သီတာ