Main menu

Background

သြဂုတ်လဆန်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ပြန်လည်အားကောင်းလာ

Mon, 08/27/2012 - 11:10 -- Anonymous (not verified)

ဇူလိုင်လအတွင်း   အမေရိကန်ရဲ့ အလုပ်အကိုင် ခန့်ထားမှုနှုန်းက ခန့်မှန်း ထားတဲ့ပမာဏထက် ပိုမိုခဲ့ခြင်း၊ ကာရေ ဗီယံပင်လယ်ရှိ အပူပိုင်းမုန်တိုင်း အာ နက်စတိုက ဟာရီကိန်းအဖြစ် အရှိန်  ပြင်းလာနိုင်ပြီး မက္ကဆီကိုပင်လယ်ကွေ့ ကို မကြာမီရက်များအတွင်း ရောက်ရှိ လာနိုင်ကာ ရေနံထုတ်လုပ်မှုကို ထိခိုက် စေမယ်လို့ ခန့်မှန်းကြခြင်းနဲ့  အီရန်ရဲ့ ရေနံထုတ်လုပ်မှုများစွာကျဆင်းခြင်းတို့ ကြောင့် သြဂုတ်လဆန်း ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းေ တွ မြင့်မားလာတယ်။

သြဂုတ် ၃ ရက်က  နယူးယောက် ကုန်စည်ရောင်းဝယ်ရေး (NYMEX) မှာ စက်တင်ဘာလ အရောက်ပို့ရမယ့် ရေနံစိမ်း (WTI oil) က  တစ်စည်ကို ၉၁ ဒသမ ၄၀ ဒေါ်လာအထိ ရောက်ရှိ မြင့်မားခဲ့တယ်။ ဒါပေမဲ့ အပူပိုင်းမုန် တိုင်း အာနက်စတို အရှိန်လျော့သွားရာ ရေနံစိမ်းဈေးနှုန်းအနည်းငယ် အားနည်း လာခဲ့ပြီး သြဂုတ် ၆ ရက် လန်ဒန် စံတော်ချိန် နံနက် ၉း၁၈ နာရီမှာ ရေနံ စိမ်းတစ်စည်ကို ၉၀ဒသမ ၆၈ ဒေါ်လာ နဲ့နယူးယောက် NYMEX  မှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ စက် တင်ဘာလ ငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းကလည်း တစ်စည်ကို ၁၀၈ ဒသမ ၇၉ ဒေါ်လာနဲ့ လန်ဒန် အခြေစိုက်   ICE Futures Europe Exchange   မှာ သြဂုတ် ၆ ရက်က အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ တယ်။ှSource:Bloomberg.comပပ