ဘိလပ်မြေတန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ဝင်ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၃၆၉၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၁၈၉၀၀ တန်၊ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၈၀၀၀ နဲ့ ဗီယက်နမ် နိုင်ငံမှ တန် ၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်တစ်လလုံးရဲ့ ဘိလပ်မြေအဝင်စုစုပေါင်း ကတန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိခဲ့ပြီး ဇွန်လရဲ့ ဘိလပ်မြေအဝင် စုစုပေါင်း ကတန်ချိန် တစ်သိန်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဘိလပ်မြေအဝင် ကတန်ချိန် သုံးသောင်းကျော်လျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။MIRT (DOT)
မူဆယ်၊ လွယ်ဂျယ်၊ တာချီလိတ်နဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေအသွင်းပိုသြဂုတ် ၁ ရက်မှ ၇ ရက်ထိကာလအတွင်းမှာ မူဆယ်၊ လွယ်ဂျယ်၊ တာချီ လိတ်နဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေ အသွင်းပိုခဲ့ပါတယ်။ ယခုအပတ်တွင်း နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ ၂၁၅ တန်၊ လွယ်ဂျယ်မှ ၄၁၂ တန်ကျော်၊ ချင်းရွှေဟော်မှ ၇ တန်ခွဲ၊ တာချီလိတ်မှ ၆၀၃ တန်၊ ကော့သောင်းမှ ၈၁၅ တန်နဲ့ မြိတ်နယ်စပ်မှ ၁၁၅၀ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၅၉၈ သန်းဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ် ကထက် ဘိလပ်မြေ ၁၀၄၄ တန်ခန့် အသွင်းပိုခဲ့ပါတယ်။ MIRT(DOBT)ရာသီအေးအေး ဈေးကွက်အေးနေတဲ့ ဘိလပ်မြေဈေး မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက မိုးများတဲ့ကာလဖြစ်လာတာကြောင့် အရောင်းလည်းပါး လာပြီး ဈေး ကလည်း အကျဘက်မှာရှိလာတယ်လို့ သိရပါတယ်။ မြင်းခေါင်းဘိလပ်မြေက ဈေးမပြောင်းပေမဲ့ ဆင် (ထိုင်း) ဘိလပ်မြေတစ်အိတ် ၁၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေက တစ်အိတ် ကို ၂၅၀ ကျပ်၊ စိန်(ထိုင်း) ဘိလပ် မြေက ၂၅၀ ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်နေ တဲ့ ဈေး က မြင်းခေါင်းဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၇၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၃၅၀ ကျပ်၊ စိန်(ထိုင်း) ဘိလပ်မြေက ၄၆၅၀ ကျပ်ဈေးဖြစ်တယ် လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိပေမယ့်လည်း ဈေးနှုန်း တွေက အပြောင်းအလဲသိပ် မရှိဘူးလို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦး က ဆိုပါတယ်။ အေသုံးလုံးဘိလပ်မြေ တစ်အိတ် ၅၄၀၀ ကျပ်၊ မြန်မာဆင် (ဘိလပ် မြေ) ၅၃၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) ၆၀၀၀ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ဘိလပ်မြေ ၅၂၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်၊ မြင်းခေါင်း ၅၁၀၀ ကျပ်ဈေးတို့နဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ရန်ကုန်ဈေးကွက်အတွင်း ဘိလပ်မြေက ဒီလတွေမှာ ဈေးအတက်အကျ သိပ်မရှိပါဘူး။ ပုံမှန်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ အရောင်းအဝယ်ပုံမှန် ဖြစ်တဲ့ရက်လည်းဖြစ်သလို ပါးတဲ့နေ့ဆို အရောင်းအဝယ်တောင် သိပ်မဖြစ်ဘူးလို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးတွေက ဆင်တံဆိပ်ဘိလပ်မြေ ၅၀၀၀ ကျပ်၊ စိန်တံဆိပ် ဘိလပ်မြေ ၄၉၅၀ ကျပ်၊ မြင်းခေါင်း ၄၅၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးတယ်လို့ သိရပါတယ်။ အရောင်းအေးတာနဲ့အမျှ ဈေးကလည်း ယခင်တစ်ပတ်ဈေးအတိုင်းပဲ ငြိမ်နေတယ်။ ဈေးငြိမ်ငြိမ် အရောင်းအေးအေး နဲ့ ရောင်းနေရတာ နှစ်ပတ်သုံးပတ်ရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးတွေက ဆင်(ထိုင်း)တံဆိပ် ဘိလပ်မြေတစ် အိတ်ကို ၆၀၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေတစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတို့ပဲ ဖြစ်ပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်ပတ်အရောင်းပုံမှန်ရှိပေမဲ့ ဈေးအတက်အကျမရှိသလို ဒီတစ်ပတ် အရောင်းအေးပေမဲ့လည်း ဈေးအတက် အကျ မရှိဘဲငြိမ်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လဆန်းထဲက ငြိမ်နေတဲ့ ဘိလပ် မြေဈေးက ဒီနေ့ထိပဲလို့ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးက စိန်(ထိုင်း) က တစ်အိတ်ကို ၆၈၅၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော်ဘိလပ်မြေ တစ်အိတ်ကို ၄၉၀၀ ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ် ၅၈၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၆၈၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOT)