Main menu

Background

အာရှဝယ်လက်များရဲ့ ပဲပုပ် တင်သွင်းမှု မြင့်တက်လာဖွယ်ရှိ

Mon, 08/27/2012 - 11:26 -- Anonymous (not verified)

အာရှအကြီးဆုံး ဝယ်လက်များ ဟာ ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် ဝယ်လိုအား နှေးကွေးပုံမရှိဘဲ ပဲပုပ်နဲ့ ပဲပုပ်ဖတ် တင်သွင်းမှု မြင့်တက်လာ တယ်လို့ Oil  World မှ ဆိုပါတယ်။ ဧပြီလမှ ဇွန်လအထိ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှ ပဲပုပ် တန်ချိန် ၁၇ ဒသမ ၄၀၁ သန်း တင် သွင်းခဲ့လို့ ယခင်နှစ် ကာလတူနဲ့ ယှဉ်ရင် ၂၁ ရာခိုင်နှုန်းပိုမိုတင်သွင်းထားကြောင်း ဟမ်းဘတ်အခြေစိုက် သုတေသနဌာန မှ ပြောကြားပါတယ်။ တိရစ္ဆာန်အစာ အတွက် အသုံးပြုတဲ့ ပဲပုပ်ဖတ်တင် သွင်းမှုဟာ ၃ လတာအတွင်း ၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၁ ဒသမ ၆၀၄ သန်းရှိခဲ့ပါတယ်။

ဧပြီလမှ ဇွန်လအတွင်း ဘရာဇီး နိုင်ငံမှ အာရှ ၄ နိုင်ငံရဲ့ ပဲပုပ်နဲ့ ပဲပုပ် ဖတ်တင်သွင်းမှု သိသိသာသာ မြင့် တက်မှုက စိတ်ဝင်စားဖွယ်တွေ့ရ တယ် လို့ Oil  World က ဆိုပါတယ်။ အဲဒီ လိုမြင့်တက်လာခြင်းဟာ တောင်အမေ ရိကက ပဲပုပ်ရောင်းချမှုမရှိတာကြောင့် လို့ ဆိုပါတယ်။ တောင်အမေရိကမှာ ယခင်နှစ် ပဲပုပ်အထွက်လျော့ပြီး၊ အမေ ရိကမှာ ရာသီဥတုခြောက်သွေ့ခြင်းက လက်ရှိသီးနှံထွက်ရှိမှုကို ခြိမ်းခြောက် နေတာကြောင့် ချီကာဂိုမှာ  ကမ္ဘာ့ အခြေခံစံနှုန်း ပဲပုပ်ဈေးက ၂၀ ရာခိုင် နှုန်း မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ဟာ ကမ္ဘာမှာ ပဲပုပ် အများဆုံးတင်ပို့သူဖြစ်ပြီး၊ ဘရာဇီးက ဒုတိယနေရာမှာရှိနေပါတယ်။ တရုတ် က ကမ္ဘာ့အကြီးဆုံး ပဲပုပ်စားသုံးသူဖြစ် ပါတယ်။ ဧပြီလမှ ဇွန်လအတွင်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်း စတဲ့ ၄ နိုင်ငံဟာ ဘရာဇီးပဲပုပ်တန် ချိန် ၁၁ ဒသမ ၅၃၃ သန်းဝယ်ယူခဲ့လို့ စုစု ပေါင်းတင်သွင်းမှုရဲ့ သုံးပုံ နှစ်ပုံ ဝယ်ယူ ခဲ့ပါတယ်။ ကျန်တဲ့ ပမာဏကိုတော့ အမေရိကန်နဲ့ အာဂျင်တီးနားက ဝယ် ယူခဲ့တယ်လို့ Oil  World မှ ဆိုပါတယ်။ ယခင်နှစ်ကာလတူမှာ ယင်း ၄ နိုင်ငံမှ ဘရာဇီးပဲပုပ် တန်ချိန် ၈ ဒသမ ၀၁၄ သန်းတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ယမင်းခင်Source: Oil  World