Main menu

Background

မလေးရှားစားအုန်းဆီ လက်ကျန်များနေတဲ့အတွက် သီတင်း ရှစ်ပတ်အတွင်း ဈေးအနိမ့်ဆုံးကို ကျဆင်း

Mon, 08/27/2012 - 11:31 -- Anonymous (not verified)

မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်က ဇူလိုင်လမှာ ပြန်လည်များလာတဲ့ ခန့်မှန်းချက်တွေအရ စားအုန်းဆီကြမ်းဈေးက သြဂုတ် ၈ ရက်မှာသီတင်း ၈ ပတ် အတွင်း အနိမ့်ဆုံးနီးပါးကို ကျဆင်းလာတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု နှေး ကွေးပြီး စားအုန်းဆီထုတ်လုပ်မှု မြင့်တက်တဲ့အတွက် ဖေဖော်ဝါရီလနောက်ပိုင်း ဇူလိုင်လ စားအုန်းဆီလက်ကျန်ဟာ မြင့်တက်ဖွယ်ရှိတယ်လို့ ရိုက်တာစစ်တမ်းအရ သိရပါတယ်။

မလေးရှားစားအုန်းဆီဘုတ်အဖွဲ့(MPOB) မှ တရားဝင်လက်ကျန်နဲ့ ထွက်ရှိမှု စာရင်းများကို သီတင်းပတ်ကုန် မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ အောက်တိုဘာလ အခြေခံစံနှုန်းစားအုန်းဆီကြိုပွိုင့် ဈေးမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ရင်းဂစ် ၂၈၆၄ (ကန်ဒေါ်လာ ၉၂၂) ဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူများဟာ အမေရိကန်စိုက်ပျိုးရေးဌာနမှ ပဲပုပ်ထုတ်လုပ်မှု အလားအလာနဲ့ မိုးခေါင်တာရှည်ခြင်းကြောင့် သီးနှံပျက်စီးမှုတွေအရ ခန့်မှန်းထားတဲ့ လစဉ်ရောင်းချမှုနဲ့ ဝယ်လိုအားအပါအဝင် အခြားအဓိက အချက်အလက်များကို စောင့်ကြည့်နေကြပါတယ်။ ပဲပုပ်ရောင်းချမှုနည်းတဲ့အတွက် ပဲပုပ်ဆီဝယ်ယူမှုထက် ဈေး သက်သာတဲ့ စားအုန်းဆီကို ပြောင်းလဲဝယ်ယူလာနိုင်ပါတယ်။ ရာသီဥတုဖက်မှာတော့ စားအုန်းဆီရင်းနှီးမြှုပ်နှံသူများဟာ အရှေ့တောင် အာရှမှာ အယ်နီညိုဖြစ်လာနိုင်မှု အပေါ်ကို စောင့်ကြည့်နေကြပါတယ်။ အယ်နီညိုဖြစ်လာပါက ရာသီဥတုပူပြင်းခြောက်သွေ့ပြီး စားအုန်းဆီထုတ်လုပ် တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံအတွက် စားအုန်းဆီအထွက်နှုန်းများ ထိခိုက်လာနိုင် တာကြောင့် ဖြစ်ပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီလ ပဲပုပ်ဆီဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းလျော့ကျခဲ့ပါတယ်။ မလေးရှား စားအုန်းဆီလက်ငင်းဈေးကွက်မှာ သြဂုတ် လ အတွက် သန့်စင်ပြီး စားအုန်းဆီဈေးမှာ တစ်တန် ကန်ဒေါ်လာ ၉၅၇ ဒသမ ၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးမှာ တစ်တန် ရင်းဂစ် ၂၈၀၀ (ကန်ဒေါ်လာ ၉၀၀)ရှိပါတယ်။                   ယုဇန ၊ Source: Recters