Main menu

Background

ပြည်ဈေးကွက်မှာ ပဲစင်းငုံနီနှင့် ကုလားပဲဈေးမြောက်ပြီး ပဲတီစိမ်းဈေး မဆိုသလောက်ကျကာ မတ်ပဲဈေးငြိမ်

Mon, 08/27/2012 - 11:33 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီနဲ့  ကုလားပဲ(ထိုင်ဝမ်) က အရောင်းအဝယ်သွက်နေ သလို ဈေးလည်းအမြင့်မှာ ရှိနေတယ် လို့ဆိုပါတယ်။ ပဲတီစိမ်းကတော့ ရန်ကုန်-မန္တလေးအဆွဲပုံမှန်ရှိေ ပမယ့် ဈေးကမဆိုသလောက်ကျနေတယ်လို့ သိရပါတယ်။

မတ်ပဲကိုတော့ လှောင်လက်တွေ ထုတ်ရောင်းမှုရှိလာသလို အိတ်စပို့အတွက်ဝယ်ယူ နေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအား အခြေအနေကို တွက်ချက်ပြီး ဝယ်ယူမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၅၅ ကျပ်(တစ်တန်ကို ၅၈၄၈၃၃၂ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိပေမယ့် ဈေးကွက် သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျသွားတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ကုလား ပဲ (ထိုင်ဝမ်)က ဈေးကွက်မှာ ပစ္စည်းအဝင်နည်းပေမယ့် ဒေသတွင်းခွဲ စက်သမားများနဲ့ ရခိုင်ဘက်မှ ဝယ်လိုအားများလာ တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကတက်ရိပ်ပြနေတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၂၁၀ ကျပ်ဈေး နဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်သွက်နေတဲ့ ပဲစင်းငုံနီကို တက်ဈေး မှာ လှောင်လက်တွေထုတ်ရောင်းလာသလို ရန်ကုန်ဝယ်လက်က လည်း ဈေးပေးအဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပဲဈေးက တစ်ရိပ် ရိပ်တက်လာပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။