Main menu

Background

လားရှိုးဈေးကွက်မှာ ပြောင်းဈေးတန့်ပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ

Mon, 08/27/2012 - 11:45 -- Anonymous (not verified)

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိ လို့ ပြောင်းအ ရောင်းအဝယ်ဖြစ်မှု ပမာဏတွေ လျော့နည်းသွားတယ်လို့သိရပါ တယ်။ ပြောင်းကို တရုတ်ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် မိုးရွာ ပြီးရေကြီးလို့ သွားလာရေး အခက်အခဲရှိမှုကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့  တစ်ပတ်အတွင်း ပိဿာချိန် ၂၅၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။