Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲအဝင်နည်းပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

Mon, 08/27/2012 - 11:49 -- Anonymous (not verified)

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲအဝင်နည်းပေမယ့် ရန်ကုန်ဝယ်လက်ကတော့  ဝယ်အားပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့ နေ့မှာဆိုရင် အရောင်းအဝယ်ဖြစ်မှုပိုများပြီး ဈေးကျနေတဲ့ ရက်တွေ မှာတော့ အရောင်းအဝယ်နည်းလာတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ပိဿာအနိမ့်ဆုံး ၉၅၀ ကျပ် (တစ်တန်ကို ၅၈၁၇၇၀ ကျပ်)မှ အမြင့်ဆုံး ၉၇၀ကျပ်(တစ်တန်ကို ၅၉၄၀၁၈ ကျပ်)ဈေးအတွင်း တစ်ရက်ကို အိတ် ၁၈၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။