အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၁၀ ကျပ် (တစ်တန်ကို ၆၇၉၇၅၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပဲတီစိမ်းကတော့ ဈေး ကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေး ဝယ်လက်ကလည်းဝယ် အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ ကို မြို့ခံပဲခွဲစက်နဲ့ ရန်ကုန်ဝယ်လက်အချို့က ဝယ်လိုအားများလာ ပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပြီ လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၀၀ ကျပ် (တစ်တန်ကို ၇၃၄၈၆၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။