Main menu

Background

မန္တလေးဈေးကွက်မှာ မတ်ပဲဈေးကျပြီး ပဲစင်းငုံနီ၊ ပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီးဈေးစွာကာ နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်

Mon, 08/27/2012 - 11:51 -- Anonymous (not verified)

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်  မတ်ပဲကို ရန်ကုန်ဝယ်လက် နဲ့ ဒေသတွင်းခွဲစက်များက အောက်ဈေးနဲ့ အဝယ်နည်းလာပြီး ပဲစင်း ငုံနီကိုတော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အ ဝယ်သွက်လာတယ်လို့ဆိုပါတယ်။

တရုတ်အဆွဲပုံမှန်ရှိတဲ့ ပဲတီစိမ်းက တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို ရန်ကုန်ဝယ်လက်နဲ့ ဒေသ တွင်းလုပ်ငန်းသုံးသမားတွေ အဝယ်ဆုံလို့ အရောင်းအဝယ်သွက်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကတော့ တောင်သူတွေနဲ့ ကုန်သည်တွေဈေးကွက်မှာ အပြိုင်အဆိုင် ထုတ်ရောင်းမှုတွေရှိနေ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်များက ဒီတစ်ပတ်မှာ ဝယ်လိုအား နည်းလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်သွက်နေတဲ့ ပဲစင်းငုံနီကတော့ တစ်ပိဿာကို ၁၁၁၇ ကျပ် (တစ်တန်ကို ၆၈၄၀၃၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၆၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက် ဝယ်အားပုံမှန်ရှိတဲ့ ပဲတီစိမ်းကိုတော့ တစ်ပိဿာ ၁၁၃၈ ကျပ် (တစ် တန်ကို ၆၉၆၈၉၉ ကျပ်)ဈေး နဲ့တစ်ရက်ကို အိတ် ၇၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရည်အသွေး အနည်းငယ်နိမ့်တဲ့ ပဲတီစိမ်းအောက်စကိုတော့ ဒေသတွင်းပဲခွဲစက်များ ဝယ်လိုအားအေးတာကြောင့် အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့ သိရပါ တယ်။ ကုလားပဲဈေးကွက်အနေနဲ့ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းခွဲ စက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်လိုအားမြင့်လာခဲ့တဲ့ ကုလား ပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်) ကတော့ ဈေးကွက်မှာ တက်ဈေးနဲ့ အရောင်းအဝယ်များခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၂၀၅ ကျပ်(တစ်တန်ကို ၇၃၇၉၂၉ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)ကတစ်ပိဿာ ၁၂၀၀ ကျပ်(တစ်တန်ကို ၇၃၄၈၆၈ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၁၅၀၀ ခန့် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များက ဝယ်အား ပုံမှန်ရှိတာကြောင့် နှမ်းဖြူနဲ့ နှမ်းနက်က ဈေးမြင့်ခဲ့ပြီး နှမ်းညိုကတော့ ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ တစ်ပိဿာ ၂၁၁၁ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၀၀ ကျပ်၊ နှမ်းနက်ရိုး ရိုးတစ်ပိဿာ ၂၀၈၉ ကျပ်နဲ့ နှမ်းနက်(စမုံ)က တစ်ပိဿာ ၂၅၁၁ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၆၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။