ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီသာ နေ့စဉ်အရောင်းအဝယ်ပုံ မှန်ဖြစ်ခဲ့ပြီး ကျန်ပဲမျိုးစုံကတော့ ဈေးနှုန်းသာရှိပြီး အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
ပဲစင်းငုံနီကို ရန်ကုန်အဆွဲက ပုံမှန်ရှိ နေ သလို ရောင်းသူကုန်သည်များကလည်း ဈေးအမြင့်မှာ ပိုမိုအ ရောင်းများ လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၁၁၁၅ ကျပ်(တစ်တန်ကို ၆၈၂၈၁၄ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။