အဓိကဆန်စပါးထုတ်လုပ်သူများအတွက် FAO ရဲ့ ၂၀၁၂ အလားအလာခန့်မှန်း
ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)မှ ၂၀၁၂ ကမ္ဘာ့စပါးထုတ်လုပ်မှုကို ဧပြီလ ခန့်မှန်းချက်ထက် တန်ချိန် ၇ ဒသမ ၈ သန်းလျော့ကျပြီး၊ တန်ချိန် ၇၂၄ ဒသမ ၅ သန်းကို ခန့်မှန်းထားပါတယ်။ အဓိက ကတော့ အာရှမှာ ထုတ်လုပ်မှုနည်းမယ့် အလားအလာရှိတာကြောင့်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့ စပါးထုတ်လုပ်မှုကို ဧပြီလမှာ ခန့်မှန်းထားတဲ့ ပမာဏထက် ၆ ရာခိုင်နှုန်းလျှော့ချပြီး၊ စပါးတန်ချိန် ၁၄၇ ဒသမ ၇ သန်း(ဆန်တန်ချိန် ၉၈ ဒသမ ၅ သန်း)ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ပါကစ္စတန်နိုင်ငံအနေနဲ့ အစောပိုင်းခန့်မှန်းပမာဏထက် ၁၃ ရာခိုင်နှုန်းလျှော့ချပြီး၊စပါးတန်ချိန်၉ ဒသမ ၄ သန်း (ဆန်တန်ချိန် ၆ ဒသမ ၃ သန်း)ထွက်မယ်လို့ ဆိုပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခင် ခန့်မှန်းမှုထက် ၁ ရာခိုင်နှုန်း လျော့ကျပြီး၊ စပါးတန်ချိန် ၅၁ ဒသမ ၃ သန်း(ဆန်တန်ချိန် ၃၄ သန်း)၊ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ အစောပိုင်း ခန့်မှန်းမှုထက် ၃ ရာခိုင်နှုန်းလျှော့ချပြီး၊ စပါးတန်ချိန် ၈ ဒသမ ၇ သန်း(ဆန်တန်ချိန် ၅ ဒသမ ၆ သန်း)ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် တရုတ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံများအတွက် ထုတ်လုပ်မှုကိုတော့ တိုးမြှင့်ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ယခင်ခန့်မှန်းမှုထက် ၁ ရာခိုင်နှုန်းတိုးမြင့်ပြီး၊ စပါးတန်ချိန် ၂၀၅ သန်း(ဆန်တန်ချိန် ၁၄၀ ဒသမ ၄ သန်း)၊ ထိုင်း နိုင်ငံကိုလည်း အစောပိုင်းခန့်မှန်းထားတဲ့ ပမာဏထက် ၃ ရာခိုင်နှုန်း တိုးမြင့်ပြီး၊ စပါးတန်ချိန် ၃၆ သန်း (ဆန်တန်ချိန် ၂၃ ဒသမ ၈ သန်း)၊အင်ဒိုနီးရှားနိုင်ငံကိုအစောပိုင်းခန့်မှန်းမှုထက် ၁ ရာခိုင်နှုန်းပိုမိုပြီး၊ စပါးတန်ချိန် ၆၈ ဒသမ ၆ သန်း (ဆန်တန်ချိန် ၄၃ ဒသမ ၂ သန်း)ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဗီယက်နမ်ကိုတော့ အစောပိုင်းခန့်မှန်းမှုနဲ့ ပြောင်းလဲခြင်းမရှိဘဲ စပါးတန်ချိန် ၄၂ ဒသမ ၅ သန်း(ဆန်တန်ချိန် ၂၈ ဒသမ ၃ သန်း)၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံကိုလည်းအစောပိုင်းခန့်မှန်းမှုနဲ့ပြောင်းလဲခြင်းမရှိဘဲ စပါးတန်ချိန် ၁၇ ဒသမ ၅ သန်း(ဆန်တန်ချိန် ၁၁ ဒသမ ၅ သန်း)နဲ့ စပါးတန်ချိန် ၃၁ သန်း(ဆန်တန်ချိန် ၂၀ သန်း)အသီးသီးခန့်မှန်း ထားပါတယ်။ အာဖရိကနိုင်ငံများအတွက်လည်း ပြောင်းလဲမှုမရှိဘဲ နိုက်ဂျီးရီးယားအတွက် စပါးတန်ချိန် ၄ ဒသမ ၇ သန်း(ဆန်တန်ချိန် ၃ သန်း)၊ အီဂျစ်အတွက် စပါးတန်ချိန် ၅ ဒသမ ၉ သန်း(ဆန်တန်ချိန် ၃ ဒသမ ၈ သန်း)အသီးသီး ခန့်မှန်းထားပါတယ်။ တောင်အမေရိကမှာ ဘရာဇီးရဲ့ စပါးထွက်ရှိမှုကို အစောပိုင်းခန့်မှန်းမှုရဲ့ ၁ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၁၁ ဒသမ ၆ သန်း(ဆန်တန်ချိန် ၇ ဒသမ ၇ သန်း)၊ ဥရုဂွေးကိုလည်း အစောပိုင်းခန့်မှန်းမှုထက် တန်ချိန် ၁ သိန်း လျှော့ချပြီး၊ စပါးတန်ချိန် ၁ ဒသမ ၄ သန်း(ဆန်တန်ချိန် ၉၉၇၀၀၀)ထွက်မယ်လို့ ခန့်မှန်းထားပေမယ့် အာဂျင်တီးနား ကိုတော့ ၁ ရာခိုင်နှုန်း ပိုမိုပြီး၊ စပါးတန်ချိန် ၁ ဒသမ ၆ သန်း(ဆန်တန်ချိန် ၁ ဒသမ ၁ သန်း)ထွက်မယ်လို့ ခန့်မှန်း ထားပါတယ်။ အမေရိကန်စပါးထုတ်လုပ်မှုကိုလည်း အစောပိုင်းခန့်မှန်းမှုထက် ၆ ရာခိုင်နှုန်းတိုးပြီး၊ စပါးတန်ချိန် ၈ ဒသမ ၆ သန်း (ဆန်တန်ချိန် ၆ ဒသမ ၁ သန်း)ထွက်မယ်လို့ ခန့်မှန်းထားပြီး၊ အီးယူစပါးထွက်ရှိမှုမှာတော့ အစောပိုင်းထက် ၃ ရာခိုင်နှုန်း လျှော့ချပြီး၊ စပါးတန်ချိန် ၂ ဒသမ ၉ သန်း(ဆန်တန်ချိန် ၁ ဒသမ ၇ သန်း)ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။လဝန်း၊Source: oryza.com
