၂၀၁၂ ခုနှစ် ဗီယက်နမ်ဆန်တင်ပို့မှု ပမာဏ ထိုင်းနိုင်ငံကို သာလွန်နိုင်ဟု မဲခေါင်မြစ်ဝှမ်းဒေသ ဆန်သုတေသနသိပ္ပံ ဥက္ကဌ က ပြောကြား
၂၀၁၂ ခုနှစ်အတွင်း ဗီယက်နမ်စပါးအထွက်တိုးပြီး ဆန် ထုတ်လုပ်မှုပမာဏမြင့်မားခြင်းနဲ့ ပြည်ပမှ ဗီယက်နမ်ဆန်ကို ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် ယခုနှစ် ဗီယက်နမ် ဆန် တင်ပို့မှု မှတ်တမ်းတင် ဖွယ် မြင့်မားဦးမယ်လိ့ု ခန့်မှန်းထားတဲ့ အပြင် ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှုထက် ပိုမိုတင်ပို့နိုင်ဖွယ်ရှိတယ် လို့ မဲခေါင်မြစ်ဝှမ်းဒေသ ဆန်သုတေသနသိပ္ပံ ဥက္ကဌက ပြော ကြားတယ်။
ယခုလမှာလည်း ထိုင်းဆန်တင်ပို့သူတွေ က ပြည်ပ ကို တင်ပို့ဖို့ ဗီယက်နမ်ဆန်ကို ဝယ်လိုအားရှိလာရာ ဗီယက်နမ် ပြည်တွင်းမှာ သြဂုတ် ၆ ရက်မှစပြီး ဗီယက်နမ် ဆန်ဖြူအ မျိုးအစားအားလုံးဈေးနှုန်းတွေက လဆန်းပိုင်းကထက် တစ် တန်ကို ၅ ဒေါ်လာမှ ၁၀ ဒေါ်လာထိ ဈေးမြင့်လာတယ်။ ဒါ့အပြင် သြဂုတ် ၈ ရက်မှာလည်း ထပ်မံဈေးမြင့်လာရာ သြဂုတ် လဆန်းက တစ်တန်ကို ၃၉၅ ဒေါ်လာ ရှိခဲ့တဲ့ ဗီယက် နမ် ဆန်ဖြူ (၁၅ ရာခိုင်နှုန်းဆန်ကွဲ)က သြဂုတ် ၈ ရက်မှာ တစ်တန်ကို ၄၁၅ ဒေါ်လာကို ရောက်ရှိလာတယ်။ ဗီယက်နမ် ဆန်ဖြူ (၂၅ ရာခိုင်နှုန်းဆန်ကွဲ) ကလည်း ၃၈၀ ဒေါ်လာမှ ၄၀၀ ဒေါ်လာအထိ မြင့်မားလာတယ်။Source:english.vietnam.vn, riceonline.com,ပပ
