Main menu

Background

ပြည်တွင်းဈေးကွက် မတ်ပဲရောင်းသူဝယ်သူကြား ဈေးကွာဟမှုများလို့ အရောင်းအဝယ်တန့်၊ လက်ကျန်ပဲစင်းငုံရောင်းဝယ်မှုပြန်ကောင်း

Wed, 08/29/2012 - 06:13 -- Anonymous (not verified)

ရန်ကုန်ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း မတ်ပဲရောင်းသူနဲ့ ဝယ်သူကြား ဈေးကွာဟမှုများနေလို့ အရောင်းအဝယ်တန့်နေပေမဲ့ လက်ကျန်နည်းလာတဲ့ ပဲစင်းငုံကိုတော့ ဝယ်လိုအားကောင်းနေလို့ အရောင်း အဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

မတ်ပဲအနေနဲ့ အိန္ဒိယဝယ်လက်တွေက ဈေးချဝယ်ယူမှုရှိသလို ပြည်တွင်း ကုန် သည် အချင်းချင်းအကြား ငွေကြေးအပေးအလျော်ကိစ္စတွေ ရှိနေ တဲ့အတွက်လက်ရှိမှာတော့ အရောင်းအဝယ်ကဖြစ်သင့်သလောက် မဖြစ်တဲ့ အခြေအနေရှိနေပါတယ်။ ဒီရက်ပိုင်းမတ် ပဲ ပြည်တွင်း ဈေးလိုက်လာပေမဲ့  FOB အရောင်းအဝယ်ဖြစ်မှုနည်း ပြီး ပြည် တွင်းဈေးနဲ့ Jh FOB  ဈေးကွာဟမှုမှာလည်း ပုံမှန်မဟုတ်တဲ့ အနေ အထားရှိနေပါတယ်။ ပြည်တွင်းမှာ ပဲ ဈေးတင် ဈေးချ ရောင်းဝယ် နေတဲ့သဘောရှိနေပါတယ်။ ရောင်းသူနဲ့ ဝယ်သူ လိုက်တန်းပြေး တန်း ကစားနေတဲ့အတွက် ဒီတစ်ပတ်မတ်ပဲဘုရင့်နောင်ဈေးက ပြီးခဲ့တဲ့သီတင်းပတ်နဲ့ ယှဉ်ရင် တစ်တန် ကျပ် ၁၅၀၀၀ ခန့် လျော့ ကျ လာခဲ့ပါတယ်။ ဈေးကွက်မှာ အဓိကအဝယ်သန်နေတာကတော့ ပဲစင်းငုံ အသစ်နဲ့ အဟောင်းဘဲဖြစ်နေပါတယ်။ လက်ကျန်အခြေအနေ အရ လက်ရှိရောင်းဝယ်မှုက အားရစရာရှိတယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ဒီသီတင်းပတ်အစပိုင်းမှာ ပဲစင်းငုံဈေးကလည်း တစ်တန် ၂ သောင်းအောက်ပြန်ကျခဲ့ပါ တယ်။ သြဂုတ်လ ၁၅ ရက်မှာတော့ အဝယ်ပြန်လိုက်လာလို့  ပဲစင်းငုံဈေး အနည်းငယ်ပိုလာခဲ့သလို လာမယ့်ကာလမှာလည်း အခြေအနေကောင်းမယ့် သဘောရှိတာ တွေ့ရပါတယ်။ ပဲတီစိမ်းအနေနဲ့ မကွေး၊ အောင်လံ၊ မန္တလေးဘက် အညာပဲတီစိမ်းတွေ ရန်ကုန်ကို စီးလာနေပြီး ခရမ်းရွှေဝါကတော့ လက်ကျန်မရှိသလောက်ဖြစ်နေလို့ ဝယ်လက်တွေက ဈေးမြင့်ပေး ဝယ်နေကြတဲ့အတွက် လာမယ့်လတွေမှာ မျိုးဈေးတွေ တစ်တန် ကျပ် ၉ သိန်း၊ ၁၀ သိန်းလောက်အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ပဲတီစိမ်းကို အိန္ဒိယအခြေအနေအရ ရန်ကုန်ကုန်သည်ကြီးတွေ ဝယ်ယူ စုဆောင်းမှုတွေရှိနေသလို အမြင့်ဈေးကွက်တွေဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်ဘက်ကို တင်ပို့မှုရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း အနာ ဂတ်က ဒီနှစ်မှာ ပိုတောက်ပလာမယ့်အလားအလာရှိနေပါတယ်။ ပဲတင်ပို့မှုကို လေ့လာကြည့်ရင် သြဂုတ်လ ၁၀ ရက်နေ့အထိ ပဲမျိုးစုံစုစုပေါင်းတင်ပို့မှုက တန်ချိန် ၆၇၀၀၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၃၉၉ သန်းခန့်ရှိတာ တွေ့ရပါတယ်။ သြဂုတ်လ ၁၀ ရက် အထိ တစ်ပတ်အတွင်း မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် အနည်း ငယ်ပိုတင်ပို့နိုင်ပြီး ဘဏ္ဍာနှစ်လက်ရှိအချိန်ထိ စုစုပေါင်းတန်ချိန် ၂၈၀၀၀၀ ကျော်တင်ပို့ထားပြီးကြောင်း သိရပါတယ်။  ရန်ကုန် Jh FOB  စာချုပ်ချုပ် ဆိုမှုကတော့ ယခင်တစ်ပတ်ထက် သိသိသာသာလျော့ပြီး  တန်ချိန် ၄၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ဇူလိုင်လတစ်လလုံးမှာ မတ်ပဲ တန်ချိန် ၇၄၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပြီး ၂၀၁၁ ဇူလိုင်လ တင်ပို့မှုမှာ တန်ချိန် ၇၂၀၀၀ ခန့် ရှိတာတွေ့ရပါတယ်။ အလားတူပဲစင်းငုံတင်ပို့မှုမှာလည်း ဒီတစ်ပတ်လျော့ကျပေမဲ့ ပဲတီ စိမ်း၊ ကုလားပဲနဲ့ အခြားပဲအချို့ တင်ပို့မှု ပြန်တက်လာခဲ့ပါတယ်။  ဒါပေမဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ Jh FOB အရောင်းအဝယ် ဖြစ်မှုကတော့ ပဲလွန်း ဖြူမှအပ ကျန်ပဲအားလုံး စာချုပ်ဆိုမှုပိုလျော့လာတာ တွေ့ရပါတယ်။ ဇူလိုင်လ တစ်လုံး တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၃၂၆၅၅၊ ပဲစင်းငုံ တန်ချိန် ၃၇၀၀၀ ခန့်၊ ကုလားပဲတန်ချိန် ၃၀၀၀ ကျော်၊ ပဲလွန်းဖြူနဲ့ မြေထောက်ပဲ တန်ချိန် ၁၂၀၀ စီခန့် ရှိကြောင်း သိရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် သြဂုတ်လ ၁၀ ရက်အထိ ပဲတီစိမ်းတန်ချိန် ၁၄၈၉၀၀၊ ပဲစင်းငုံ တန်ချိန် ၁၅၀၀၀၀ နီးပါးတင်ပို့ထားပြီးကြောင်း သိရပါတယ်။  ယမင်းခင်