Main menu

Background

မိုးခေါင်တဲ့အခြေအနေကြောင့်အိန္ဒိယနိုင်ငံသီးနှံထွက်ရှိမှုနဲ့ ဈေးနှုန်းကို ထိခိုက်နိုင်

Wed, 08/29/2012 - 06:15 -- Anonymous (not verified)

အိန္ဒိယနိုင်ငံ အချို့ဒေသတွေမှာ မိုးခေါင်နေတဲ့အခြေ အနေကြောင့် လယ်ယာထွက်ကုန်ထုတ်လုပ်မှုကို ထိခိုက်နိုင်ပြီး အဓိက ကုန်စည်တွေရဲ့ဈေးနှုန်းအပေါ် ရိုက်ခတ်လိမ့်မယ်လို့ စားနပ်ရိက္ခာ ဝန်ကြီး၊ ကေဗွီသောမတ်စ် မှ ပြောကြားပါတယ်။ အိန္ဒိယမိုးလေဝသ ဌာန (IMD)  ရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၁ ရက်နဲ့ သြဂုတ် ၅ ရက်အတွင်း မိုးရွာသွန်းမှုဟာ ပုံမှန် အောက် ၁၇ ရာခိုင်နှုန်း လျော့ကျနေပါတယ်။ ကာနာတာ ကာ၊ ရာဂျက်စသန်၊ ဂူဂျာရက်နဲ့ မဟာရပ်ရှတရာတို့ဟာ မိုး ခေါင်ခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။

အရေးပါတဲ့ ကုန်စည်အချို့ဈေးနှုန်းများဟာ လွန်ခဲ့တဲ့ သုံးလအတွင်း မြင့်တက်လာတယ်လို့လည်း ၎င်းင်းက ထောက်ပြ ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့အချို့ဒေသတွေရဲ့ လက်ရှိအခြေ အနေအရ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုကို ဖြေရှင်းဖို့ ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ သုံးလအတွင်း ပဲအချို့၊ သကြား၊ စားဆီနဲ့ ခရမ်းချဉ်သီး လက်လီဈေးမှာ မြင့် တက်လာခဲ့ပြီး၊ ဂျုံ၊ ဆန်ဈေးကတော့ငြိမ်နေတယ်လို့ သိရပါ တယ်။ ဒေလီမှာ ကုလားပဲလက်လီဈေးက ပြီးခဲ့တဲ့သုံးလမှာ တစ်ကီလို ၅၃ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၉၆) ရှိရာမှ ယခုအခါ ရူပီး ၆၇ (ကန်ဒေါ်လာ ၁ ဒသမ ၂၁)ကို တိုး လာခဲ့ပြီး၊ ပဲစင်းငုံဈေးက ရူပီး ၇၄ (ကန်ဒေါ်လာ ၁ ဒသမ ၃၄)ကို ၄ ရူပီးတိုးလာခဲ့ပါတယ်။ သကြားဈေးမှာလည်း ရူပီး ၃၅ (ကန်ဒေါ်လာ သုည ဒသမ ၆၃)မှ ရူပီး ၃၉ (ကန်ဒေါ်လာ သုည ဒသမ ၇)ကို တိုးခဲ့ပါတယ်။ စားသောက် ကုန်ဈေးနှုန်း ဖောင်းပွမှုလျော့ကျစေဖို့ ဆောင်ရွက်မှုတွေ ပြုလုပ် နေသလို လက်ရှိမိုးခေါင်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး၊ အချိန်မီမျိုးစေ့နဲ့ ဓာတ်မြေသြဇာများ ရရှိနိုင်ဖို့လည်း ပြည်နယ် အစိုးရ များနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ဗဟိုအစိုးရမှ ခရိုင်ပေါင်း ၃၂၀ ခုအတွက် ဖြစ်နိုင်ခြေ ရှိတဲ့ အစီအစဉ်များပြင်ဆင်ထားပြီး၊ ပြည်နယ်စိုက်ပျိုးရေး တက္ကသိုလ်များနဲ့ ပူးပေါင်းကာ သင့်တော်တဲ့ပြောင်းလဲ စိုက် ပျိုးမှုတွေအတွက် ပြင်ဆင်ဖို့လဲ ပြည်နယ်များကို အကြံပြု ထားကြောင်း ပြောကြားပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ သီးနှံ များရှင်သန်နိုင်စေဖို့ လယ်သမားငယ်များကို ဒီဇယ်ထောက်ပံ့ ပေးဖို့လွန်ခဲ့တဲ့လမှာ အစိုးရဝန်ကြီးများအဖွဲ့က အတည်ပြုခဲ့ ကြောင်း သိရပါတယ်။ဒါ့အပြင် ပြန်လည်စိုက်ပျိုးဖို့ ကုန်ကျစရိတ်များ၊ မိုးခေါင် ဒဏ် ခံနိုင်တဲ့ မျိုးစေ့ဝယ်ယူမှုအတွက် ကုန်ကျစရိတ်များ အတွက် တောင် သူများကို အချို့တစ်ဝက်ပြန်ပေးခြင်းတွေလဲ တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ လွန်ခဲ့တဲ့ သီတင်းပတ်အထိ စပါး၊ ပဲမျိုးစုံနဲ့ နှံစားသီးနှံလို မိုးသီးနှံစိုက်ပျိုးမှုဟာ ဟက်တာ ၈၀ ဒသမ ၂ သန်းရှိရာ ယခင်နှစ်ကာလတူ စိုက်ပျိုးမှုဟက် တာ ၈၇ ဒသမ ၉၆ သန်းထက် ကျဆင်းနေပါတယ်။၂၀၁၁-၁၂ သီးနှံရာသီ ဇွန်-ဇူလိုင်အတွင်းနိုင်ငံရဲ့စားနပ် ရိက္ခာသီးနှံထုတ်လုပ်မှု တန်ချိန် ၂၅၇ ဒသမ  ၄၄ သန်းအထိ စံချိန်တင်ထွက်ရှိခဲ့ပေမယ့် ၂၀၁၂-၁၃ မှာတော့ မုတ်သုံမိုး ရွာသွန်းမှု မကောင်းတဲ့အတွက် ထုတ်လုပ်မှု ကျ ဆင်းဖွယ် ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်မှာလည်း မိုးခေါင်မှု ပြင်းထန် ခဲ့တာကြောင့် ၂၀၀၉-၁၀ သီးနှံ ရာသီမှာ စားနပ်ရိက္ခာ သီးနံှ တန်ချိန် ၁၆ သန်းခန့် လျော့ကျကြောင်း သိရပါတယ်။                        လမင်း၊Source: PTI