မုံရွာကုန်စည်ဒိုင် သြဂုတ်လဒုတိယပတ်ပဲဈေးကွက်မှာ ကုလားပဲအုပ်စုဝင် V2 ထိုင်ဝမ်နဲ့ 929 ပဲအားလုံး ပုံမှန် အရောင်းအဝယ်သာဖြစ်ခဲ့ပါတယ်။ V2 အနေနဲ့ ဒေသတွင်း စက်သမား၊ ကြာဇံသမားတွေ အဝယ်ပုံမှန်ရှိပြီး၊ နယ်အဆွဲမရှိ ပေမဲ့ တစ်နေ့ကို အိတ် ၅၀၀ မှ ၇၀၀ ကြား နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့ကာ ပေါက်ဈေးအားဖြင့် ယခုတစ်ပတ်မှာ တစ် တင်းအနိမ့်ဆုံး ၂၁၈၀၀ ကျပ်မှ အမြင့်ဆုံး ၂၂၅၀၀ ကျပ်ဖြစ် ပေါ်ခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ 929 ကုလားပဲကတော့ ဒေသတွင်း လုပ်ငန်းသုံးအဝယ်အပြင် ရန်ကုန်၊ မန္တလေးဝယ်လက်အနည်း ငယ်ရှိခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပေါက်ဈေးအနေနဲ့ ယခုတစ်ပတ်အတွင်း ထိုင်ဝမ် တစ် တင်း ၂၁၆၀၀ ကျပ်မှ ၂၂၂၀၀ ကျပ်၊ 929 တစ်တင်း ၂၁၆၀၀ ကျပ်မှ ၂၂၃၀၀ ကျပ်အတွင်းဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း စီးဆင်းမှုအားဖြင့် မန္တလေးကို အိတ် ၂၀၀၀ ခန့်နဲ့ ရန်ကုန်ကို အိတ် ၃၀၀၀ ရှိတယ်လို့သိရပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီဈေးကွက်မှာလည်း ရန်ကုန်ဝယ် လက် ပုံမှန်ဆွဲအားရှိတဲ့အတွက် အရောင်းအဝယ် သွက်နေဆဲ ဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ ဒေသခံကုန် သည်အချင်းချင်း ပြန်ရောင်းပြန်ဝယ်ရှိခဲ့သလို ရန်ကုန်-မန္တလေးအဝယ်ကြောင့် မုံရွာကုန်စည်ဒိုင်မှာ ယခုတစ်ပတ် အတွင်း တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား၊ နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံနဲ့ကုန်သည် ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ငုံနီပေါက်ဈေးအနေနဲ့ တစ်တင်း ၂၁၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ကြား၊ အတက်အကျ အနည်းငယ်ဖြစ်ပေါ်ခဲ့ပေမဲ့ သူ့ပေါက်ဈေးနဲ့သူ နေ့စဉ် အရောင်းအဝယ်သွက်ခဲ့တယ်လို့သိရပါတယ်။ စီးဆင်းမှုအား ဖြင့် ယခုတစ်ပတ်အတွင်း မုံရွာကနေ ရန်ကုန်ကို ရေကြောင်း လမ်းက တစ်ဆင့် တင်း ၂၀၀၀၀ ခန့် စီးထွက်ခဲ့တယ်လို့ ပို့ ဆောင်ရေး ရပ်ကွက်က ကြားသိရပါတယ်။ မုံရွာစိမ်းကြီးဈေးကွက်မှာ ယခုတစ်ပတ်အတွင်း မန္တလေး-ရန်ကုန်ဝယ်လက်ရှိနေပြီး၊ နယ်ကပစ္စည်း အဝင် နည်းပါးလွန်းတဲ့အတွက် တက်ဈေးနဲ့အရောင်းအဝယ် ဖြစ် ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကပြောပါတယ်။ လက်ကျန်ပစ္စည်းပေါ် မူတည်ပြီး၊ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်ရက် အိတ် ၂၀၀ မှ ၃၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း ပေါက်ဈေးအနေနဲ့ တစ်တင်း ၂၁၅၀၀ ကျပ်ထိ အမြင့်ဆုံးရောက်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် ပဲကြီးဈေးကွက်မှာတော့ နယ်အဝင်ရှိခဲ့ပြီး ဒေသတွင်း ပဲကြော်လုပ်ငန်းသမားတွေ အဝယ်လိုက်နေလို့ ယခင်အပတ်ကထက် တစ်တင်း ၁၄၀၀ ကျပ်ထိ တက်ခဲ့ကာ ယခုအပတ်မှာ တစ်တင်း ၂၆၀၀ ကျပ်ထိ ဈေးအမြင့်ဆုံး ပေါက်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ် ပတ် အရောင်းအဝယ်အနေနဲ့ နေ့စဉ် ပုံမှန် အိတ် ၁၀၀ မှ ၂၀၀ ရှိခဲ့ပြီး နယ် အဝယ်ရှိတဲ့နေ့မှာ အိတ် ၃၀၀ မှ ၅၀၀ ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အဝယ် သမားနဲ့အရောင်းသမား ထိန်းထိန်းသိမ်း သိမ်းရောင်းဝယ်နေကြလို့ မုံရွာ ကုန် သည်တွေဆီမှာ လက်ကျန် အတော် အသင့်ရှိသေးတယ်လို့ ကုန်သည်နဲ့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်