Main menu

Background

ယခင်ဘဏ္ဍာနှစ်အတွင်း အိန္ဒိယပဲ တင်သွင်းမှု ၂၃ ရာခိုင်နှုန်း မြင့်တက်၊ ယခုဘဏ္ဍာနှစ်မှာလည်း မြင့်တက်ဖွယ်ရှိ

Wed, 08/29/2012 - 06:24 -- Anonymous (not verified)

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယက ပဲတင်သွင်းမှုဟာ တန်ချိန် ၃ ဒသမ ၃၁ သန်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၂၁ ဒသမ ၉၅ သန်း (ရူပီး ကုဋေ ၁၀၁၄၉ ဒသမ ၅)ဖိုးရှိခဲ့လို့ ပြီးခဲ့တဲ့ နှစ်ထက် ၂၃ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ပါတယ်။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၆၉ သန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၅၆၅ ဒသမ ၄၄ သန်း(ရူပီး ၈၇၂၅ ကုဋေ)ဖိုး တင်သွင်းခဲ့ကြောင်း၊ စားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။

လက်ရှိမိုးရွာသွန်းမှုနည်းပြီး မိုးရေမလုံလောက်မှုကြောင့် ပဲမျိုးစုံလို အဓိကသီးနှံစိုက်ပျိုးမှုထိခိုက်တဲ့အတွက် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာလည်း ပဲတင်သွင်းမှုပမာဏဆက်ပြီး မြင့်တက်ဖွယ်ရှိနေပါတယ်။ ယခုအချိန်ထိ မိုးရာသီ ပဲမျိုးစုံစိုက်ပျိုးမှုမှာ ဟက်တာ ၇၄ ဒသမ ၄၈ သိန်းသာရှိလို့ ယခင်နှစ်ကာလတူစိုက်ပျိုးမှုဟက်တာ ၈၉ ဒသမ ၃၄ သိန်းထက် ၁၇ ရာခိုင်နှုန်းလျော့ကျနေတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ပဲထုတ်လုပ်မှုမှာ ၂၀၁၀-၁၁ သီးနှံရာသီမှာ တန်ချိန် ၁၈ ဒသမ ၂၄ သန်းထွက်ရှိခဲ့ရာမှ ၂၀၁၁-၁၂ (ဇူလိုင်-ဇွန်) ရာသီအတွင်း ထုတ်လုပ်မှုက တန်ချိန် ၁၇ ဒသမ ၂၁ သန်းကို ၇ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: PTI