Main menu

Background

မူဆယ်မှ တစ်ဖက်နိုင်ငံသို့ တင်ပို့လျက်ရှိတဲ့ အခြားပဲမျိုးစုံများ

Wed, 08/29/2012 - 06:28 -- Anonymous (not verified)

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့  သြဂုတ်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ တင်ပို့လျက်ရှိတဲ့ အခြား ပဲမျိုးစုံများကတော့ ပဲလွန်းဖြူ၊ ပဲပုပ်စေ့၊ စွန်တာနီပြာ၊ ထောပတ်ပဲနဲ့ ပဲနီကြား တို့ဖြစ်ပါတယ်။ ကန်ဒေါ်လာသုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၄၄ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၄၆ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၉၉ သန်းတန်ဖိုးရှိ စွန်တာနီပြာ ၁၅၂ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၈၀ သန်းတန်ဖိုးရှိ ထောပတ်ပဲ တန် ၁၄၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ပဲနီကြား ၁၃ တန်အသီးသီး ဖြစ် ပါတယ်။ ယခင်အပတ်ကထက် ထောပတ်ပဲနဲ့ ပဲနီကြားသာအပို့လျော့ခဲ့ပြီး ကျန်ပဲ များကတော့ ယခင်အပတ်ကထက် အပို့ပိုမိုခဲ့ပါတယ်။ MIRT(DOBT)