Main menu

Background

ရန်ကုန်ဝယ်လက်အဝယ်ရှိပေမယ့် ပြည်မတ်ပဲ ဈေးပြန်လျော့သွား

Wed, 08/29/2012 - 06:33 -- Anonymous (not verified)

ပြည်မတ်ပဲဈေးကွက်ကို ပန်းတောင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်ဘက်မှ တစ်ခါတရံ  အိတ် ၁၅၀ - ၂၀၀ ခန့် အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးမှာ တဖြည်းဖြည်းလျော့လာခဲ့ပြီး၊ ပဲတစ်တင်းကို ၁၈၀၀၀ ကျပ်ဈေးသာရှိခဲ့ တယ်လို့ သိရပါတယ်။ ပဲကုန်သည်လက်ဝယ်ရှိ လှောင်ပဲများနဲ့ ဒေသတွင်း မြို့နယ်များမှ ဝင်လာတဲ့ ပဲများလည်း ရန်ကုန်ဝယ်လက် အဝယ်ရှိတယ်လို့ သိရပြီး၊ တစ်နေ့ကို အိတ် ၂၀၀ - ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ယခုတစ်ပတ် အတွင်း ပဲခူးတိုင်းဒေသကြီး ပြည်ဘက်မှ ရန်ကုန်ဘုရင့်နောင်ကို တစ်နေ့ အိတ် ၂၀၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                           မိမိအေး