ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း မန်ကျည်း ၁၂၃ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်က စင်ကာပူနိုင်ငံကို ၉၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၂၇ တန် ဖြစ်ပါတယ်။ အပတ်စဉ်မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံတွေကို ကြည့်ရင် စင်ကာပူနိုင်ငံက အပတ်စဉ်တင်ပို့ရတဲ့ နိုင်ငံဖြစ်ပါတယ်။
ယခင်သီတင်းပတ်မှာတော့ မန်ကျည်းတင်ပို့ မှုပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ မန်ကျည်းသီး (အစေ့ပါ)နဲ့ မန်ကျည်းစေ့ဆိုပြီး နှစ်မျိုးတင်ပို့ခဲ့တာတွေ့ရပါတယ်။ မန်ကျည်းစေ့က FOB ဈေးတစ်တန်ကို ကန်ဒေါ်လာ ၅၀၀-၅၅၀ ရရှိခဲ့ပြီး မန်ကျည်း သီး(အစေ့ပါ)က FOB ဈေးတစ်တန်ကို (၄၀၀-၄၅၀) ကန်ဒေါ်လာရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)