Main menu

Background

အိန္ဒိယမှာ မိုးနည်းပြီး၊ ကြက်သွန်နီအထွက်ကို ထိခိုက်နိုင်လို့ ဈေးနှုန်းမြင့်တက်နိုင်

Wed, 08/29/2012 - 06:53 -- Anonymous (not verified)

အိန္ဒိယနိုင်ငံမှာ ကြက်သွန်နီရရှိမှု လျော့ကျနိုင်ပြီး၊ ကြက် သွန်အသစ်ဝင်ရောက်မှုလည်း နောက်ကျနိုင်တဲ့ အတွက် ဈေးနှုန်းမြင့်တက်လာဖွယ်ရှိနေပါတယ်။ နိုင်ငံတော်ဟင်းသီး ဟင်းရွက်သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့(NHRDF) မှ  စုဆောင်း ရရှိတဲ့ စာရင်းတွေအရ နိုင်ငံရဲ့ မိုးကြက်သွန်နီထွက်ရှိမှုဟာ မနှစ်ကနဲ့ယှဉ်ရင် ၃၀ - ၄၀ ရာခိုင်နှုန်းခန့် နည်းနိုင်တယ်လို့ သိရပါတယ်။ စိုက်ပျိုးမှုက ဇူလိုင်လ နောင်းပိုင်းမှ စတင်ရတာ မို့ ရိတ်သိမ်းချိန်ဟာလည်း တစ်လလောက် နှောင့်နှေးမယ်လို့ ဆိုပါတယ်။ ဈေးကွက် ဝင်ရောက်မှုကတော့ ၄ လတစ်ကြိမ်ပြီး ဆုံးချိန် အောက်တိုဘာလ ကုန်မှသာ ဝင်မယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် စက်တင်ဘာလကုန်မှာ ကြက်သွန်နီသစ်ဝင် ရောက်လေ့ ရှိပါတယ်။

အခြားဒေသများမှာ ကြက်သွန်နီမျိုးစေ့များစိုက်ပျိုး ပေမယ့် ပန်ဂျပ်၊ ဟာရာနာနဲ့ ရာဂျက်စသန်တို့က ကြက်သွန် အညှောက်ပေါက်များစိုက်ပျိုးကြတာဖြစ်လို့ အစိုးရမှ ယင်း ဒေသအတွက် အထူးအလေးထား ဆောင်ရွက်ပေးနေပါ တယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနမှ တောင်သူများအတွက် ဒီဇယ်နဲ့ မျိုးစေ့ထောက်ပံ့မှု များ ပေးမယ်လို့ကြေညာထားပြီး ဖြစ်တယ်လို့ အစိုးရအရာရှိများကဆိုပါတယ်။ တောင်သူများ ကိုလည်း ကြက်သွန် အစိမ်းရောင်စိုက်ပျိုးဖို့ အကြံပြု ထားပြီလို့ ဆိုပါတယ်။ ယင်းကြက်သွန်နီများကို ပြည်တွင်းဝယ်လိုအား ရှိတယ်လို့ ဆိုပါတယ်။ မဟာရပ်ရှတရာနဲ့ ဂူဂျာရတ်တို့ဟာ မိုးနှောင်းကြက်သွန် နီ စိုက်ပျိုးတဲ့ အဓိက ပြည်နယ် ၂ ခုဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်တွေမှာ အမျိုးအစားအလိုက်တစ်တန် ရူပီး ၃၃၀၀၀ - ၄၀၀၀၀ (ကန်ဒေါ်လာ ၅၉၂ - ၇၁၈) ရှိတယ်လို့ သိရပါ တယ်။ ကြက်သွန်နီ လက်ကားဈေးများက ဇူလိုင်မှ သြဂုတ်လ အတွင်းတစ်လပြီး တစ်လ ဈေးမြင့်တက်လာခဲ့ပါတယ်။ အမှန် တော့ ဈေးကွက်တွေမှာ ကြက်သွန်နီရရှိမှုက ၂၀၁၁ ကာလ တူထက်များစွာ ကျဆင်းတာကြောင့်လို့ ဆိုပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာမှ ကြက်သွန်နီ ထုတ် လုပ်မှုဟာ မိုးနောက်ကျတာကြောင့် ထိခိုက်မှုရှိကာ ဈေးပိုကောင်းတဲ့ ပဲပုပ်နဲ့ပြောင်းကို ပိုစိုက်ဖို့ အားသန်လာ ကြပါတယ်။ မိုးရေမလုံလောက် တာကြောင့် တောင်သူများ ဟာ လူး၊ ဆတ်တို့ကို ပြောင်းလဲစိုက်ပျိုးလာကြပါတယ်။ ဒါပေ မယ့် ဇူလိုင်လကုန်နဲ့ သြဂုတ်လကုန် မိုးရွာသွန်း လာတာ ကြောင့် ကြက်သွန်နီစိုက်ပျိုးမှုလည်း အနည်းငယ်တိုးလာ တယ်လို့ ဒေသခံများ က ဆိုပါတယ်။ မျိုးစေ့ချမှုကို ဇူလိုင်လလယ်မှာပြုလုပ်ပြီး သြဂုတ်လ လယ်အထိ ပြောင်းလဲစိုက်ပျိုးပါတယ်။ သြဂုတ်လ ပထမ ပတ်မှာ မျိုးစေ့စိုက်ပျိုးမှု စတင်တာဖြစ်လို့ စက်တင်ဘာ လ လယ်မှာ အပင်ပြောင်းလဲစိုက်ပျိုးရမယ်လို့ ကြက်သွန်နီ ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစိုးရအရာရှိမှ ဆိုပါတယ်။ ကြက်သွန်နီ ရိတ်သိမ်းမှုက စက်တင်ဘာလ ကုန်၊ အောက်တို ဘာ လလယ်တိုင်အောင် ပြီးဆုံးမှာမဟုတ်လို့ အောက်တိုဘာ - ဒီဇင်ဘာဝန်းကျင်မှ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ အလားတူအခြားအဓိကစိုက်ပျိုးတဲ့ ဂူဂျာရတ်မှာ မိုးမရ လို့ မနှစ်ကနဲ့ ယှဉ်ရင် ၁၀ - ၁၅ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးရ တယ်လို့ဆိုပါတယ်။ လာမယ့်ရက်တွေမှာ မိုးအလုံအလောက် ရွာသွန်းရင် သြဂုတ်လလယ်မှာ မိုးနှောင်း ကြက်သွန်နီ စတင် စိုက်ပျိုးရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မေလနဲ့ ဇွန်လ အတွင်း ကြက်သွန်နီ တန်ချိန် ၂ ဒသမ ၉၅ သန်းခန့်သိုလှောင်မှုရှိပြီး၊ လက်ရှိဝင်ရောက်မှုများက သိုလှောင်ကြက်သွန်နီ များသာ ဖြစ်တယ်လို့ ဆိုပါတယ်။ NHRDF ရဲ့ အစီရင်ခံစာအရ မဟာရပ်ရှတရာမှာ ကြက်သွန်နီစိုက်ပျိုးမှုက ၅၀ ရာခိုင်နှုန်းခန့် လျော့ကျတယ်လို့ ဆိုပါတယ်။ ကာနာတာကာမှာလည်း ၂၅ - ၃၀ ရာခိုင်နှုန်းခန့် သာစိုက်ပျိုးပြီးကြောင်း၊အလားတူအင်ဒရာပရာဒေ့ရှ်နဲ့ တမီလ် နာဒူးမှာလည်း စိုက်ပျိုးမှုလျော့ကျတယ်လို့ သိရပါတယ်။ယမင်းခင်၊Business Standard